စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦး ခြေတစ်ဖက်ပြတ်

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတလုံးကို နင်းမိ၍ အမျိုးသမီးတစ်ဦး ခြေတစ်ဖက် ပြတ်သွားတယ်လို့ Arakan Princess Media က ဖော်ပြပါတယ်။

တောင်ကုတ်မြို့နယ် ဖုံညိုရွာက အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်ချိုက သူ့ရဲ့ အိမ်ခြံထဲမှာ ဟင်းပင်စိုက်ဖို့အတွက် မြေပေါက်နေချိန် စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတစ်လုံးကို တက်နင်းမိခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ ဧပြီ ၂၇ ရက် နေ့ခင်း ၂ နာရီ ကျော်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ညာဖက်ခြေထောက် ပြတ်ထွက်ကာ လက်ရှိမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် မနက်ပိုင်းက တောင်ကုတ်မြို့နယ်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရအနေနဲ့ အာရက္ခဒေသအတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်တွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်တွေနေတာတွေ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)