ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၆ မေ ၂၀၂၅)

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတစ်နေရာတွင် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် လည်ချောင်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဦးဦးလှစောကို ရက္ခိုင်ပြည် စစ်တွေမြို့တွင် ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့က ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခုနှစ် ကဆုန်လပြည့်နေ့) တွင် မွေးဖွားခဲ့ပြီး သားအကြီးဆုံး ဖြစ်ပါတယ်။

ဦးဦးလှစောသည် ၁၉၉၀ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၀ ခုနှစ် တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးရာထူးကို ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲမဝင်ဘဲ RNDP ပါတီကို ထိန်းကျောင်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တွင်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ ALD ပါတီ ပူးပေါင်းရေးအတွက် အဓိက ဦးဆောင်သူဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင့်အမျိုးသားညီလာခံ (ကျောက်ဖြူ) ကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ANP ရဲ့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဦးဦီးလှစောဟာ မောင်ခိုင်အောင်(စစ်တွေ) နာမည်နဲ့ ကဗျာ၊ ဝတ္ထုတို၊ ရသစာပေ များစွာတို့ကိုလည်း ရေးသားခဲ့တဲ့ စာပေအနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ