အာရက္ခတိုင်းမ်စ် (၉ မေ ၂၀၂၅)
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူသိများသွားတဲ့ ကြက်ကို အစိမ်းလိုက်ကိုက်ဖြတ်စားသွားတဲ့ နတ်ကတော်ကို နောက်ပွဲတွေ ကဖို့အတွက် ပါမစ်ပိတ်သွားမယ့်အပြင် အခြားအရေးယူမှုအပိုင်းတွေပါ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ မြန်မာနိုင်ငံ ဒေဝါပညာရှင်များစည်းကမ်းထိန်းသိမ်းရေး ကော်မတီ( ဗဟို) က တာဝန်ရှိသူ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဧရာဝတီတိုင်း ဖျာပုံမြို့ အမှတ် (၃) ရပ်ကွက်က မိသားစု ကျင်းပတဲ့ သောက်ရေကန်ကြီး ကန်ပသပူဇော်ပွဲမှာ စားသောက်ပြသနေတဲ့ ဗီဒီယိုဖိုင်တခု လူမူကွန်ရက်မှာ ပြန့်နှံ့လာတာကြောင့် တိုင်ကြားလာကြတဲ့အတွက် ပူဇော်ကပြခဲ့တဲ့ ဒေဝါပညာရှင် ဖျာပုံမြို့က အောင်ကိုမင်း ကို ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်သွားမှာပါလို့လည်း သိရပါတယ်။
ဗုဒ္ဓတရားတော်နဲ့ မလျော်ညီတဲ့ ယစ်ပူဇော်ခြင်း အသွင်ဆောင်တဲ့ ကြက်သတ္တဝါ အရှင်လတ်လတ်အား သွေးစိမ်းရှင်ရှင် ကိုက်ဖြတ်စားသောက်ပြတဲ့ နတ်ကတော်ကို အရေးယူ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဒေဝါပညာရှင် များစည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို) က ထုတ်ပြန်ထားပါတယ်။
“ သူ့ကို သတိပေးတဲ့အဆင့် ကျော်လွန်နေတဲ့ အနေအထား ဖြစ်နေတာကြောင့် နောက်ပွဲတွေ ကဖို့ ပါမစ်ပိတ်ခံရတဲ့အထိ အရေးယူသွားမှာပါ။ ကျွန်တော်တို့ နတ်ဆရာ တွေရဲ့ အသက်မွေးဝမ်းကြောင်းက ဟောရ ပြောရ ပူဇော်ကပြရမှာ ဆိုတဲ့အတွက် ဒီလို ကခွင့် တားမြစ်ခံရတာဟာ နတ်ဆရာ တစ်ယောက်အတွက် အသည်းနှလုံးပေါ့ခင်ဗျာ။ အင်မတန် အထိနာစေတာပေါ့” လို့ မြန်မာနိုင်ငံ ဒေဝါပညာရှင်များစည်းကမ်းထိန်းသိမ်းရေး ကော်မတီ( ဗဟို) က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ရုပ်သံ Video ဖိုင်ကို fb အကောင့်ပိုင်ရှင် Kyaw Soe Moe အမည်ရှိ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ကျက်သရေအဖြာဖြာနဲ့ပြည့်စုံတဲ့ ဒေဝတာ နတ်မင်း အပေါင်းတို့ရဲ့ရှေ့မှာ အခုလို ပူဇော်ပသတာဟာ အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို ပူဇော်ပသ ရိုသေကြတဲ့ (၇) ရက် သားသမီးများမှလည်း အထင်အမြင် လွဲမှားစေတဲ့ စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေတယ်လို့လဲ မြန်မာနိုင်ငံဒေဝါပညာရှင်များစည်းကမ်းထိန်းသိမ်းရေးငကော်မတီ ( ဗဟို) က ထုတ်ပြန်ထားပါတယ်။
1 Comment
заклепка вытяжная 8 мм заклепка вытяжная нержавейка