ဦးဦးလှစောဟာ မျိုးဆက်သစ်လူငယ်တွေအတွက် ခွန်အား ထားခဲ့တယ်လို့ AA ပြော

အာရက္ခတိုင်းမ်စ် (၉ မေ ၂၀၂၅)

ဦးဦးလှစောဟာ အာရက္ခဒေသအတွက် အားကိုးအားထားပြုနိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာနိုင်ရန် စွမ်းအင်၊ ခွန်အား၊ ဂုဏ်သတ္တိများ ချန်ထားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

“ဦးဦးလှစောထံမှ ကောင်းမွန်တဲ့ အတုယူ အားကျဖွယ်လုပ်ရပ်များသည် မျိုးဆက်သစ်လူငယ်များထဲတွင် ဖယောင်းတိုင် တစ်တိုင်ကနေ တစ်တိုင်သို့ အလင်းကူးသကဲ့သို့ ကူးစေပြီး အာရက္ခဒေသအတွက် အားကိုးအားထားပြုနိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာနိုင်ရန် စွမ်းအင်၊ ခွန်အား၊ ဂုဏ်သတ္တိများ ချန်ထားခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

ထို့ပြင် ဦးဦးလှစော ဘဝတပါးကူးပြောင်းခြင်းဟာ ကမ္ဘာမြေပေါ်က အလင်းရောင် ထာဝရ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ဘဲ သူကိုယ်တိုင် လောင်မြိုက်ထွန်းလင်းပေးခဲ့တဲ့ အလင်းရောင်ကြောင့် အာရက္ခမျိုးဆက်သစ် လူငယ်များကြားထဲတွင် သူ့အပေါ် အားကျအတုယူဖွယ် စိတ်ဓာတ်များဖြစ်ပေါ်ပြီး ဦးဦးလှစောကဲ့သို့ လူငယ်များ မွေးဖွားလာစေရန် အထောက်အကူဖြစ်ပေါ်လာစေမယ်လို့ ယုံကြည်တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

“ဦးဦးလှစောအနေနဲ့ အာရက္ခဒေသ အဓွန့်ရှည်တည်တံ့ရေးကို လိုလားပြီး အဲဒါကြောင့် အလုပ်လုပ်နေတဲ့ လူတစ်ဦးအဖြစ် အသိအမှတ်ပြုပါတယ်။ မျိုးဆက်သစ်တွေအကြားမှာ သူ့ရဲ့ မျှော်မှန်းချက်များနဲ့ မပြီးပြတ်သေးတဲ့ အမျိုးသားရေး သမိုင်းပေးတာဝန်များကို သူ့ကိုယ်စား ဆက်လက်တာဝန်ထမ်းဆောင်နိုင်မယ့် အနာဂတ် အာရက္ခမျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရန် လိုလားခဲ့တာ မလွဲဧကန် ဖြစ်ပါတယ်” လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ဦးဦးလှစောဟာ ၂၀၂၁ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအပြီးတွင် အာရက္ခပြည်သူ့အာဏာပိုင်အဖွဲ့အစည်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး တာဝန်များကို အာရက္ခဒေသရဲ့ အ‌ခြေအနေလိုအပ်ချက်အရ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗစ်တာ (၁) စစ်ဒေသရဲ့ နိုင်ငံရေးမှူးတာဝန်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးဦးလှစောဟာ လည်ချောင်းကင်ဆာနဲ့ မေလ ၅ ရက် တင်္နလာနေ့ ည ၁၁ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ် ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

5 Comment

Jeromeden ဇန်နဝါရီ 25, 2026 - 9:49 ညနေ

квартиры без посредников жк светский лес сочи цены

Jameswef ဇန်နဝါရီ 29, 2026 - 6:35 မနက်

Играешь в казино? up x Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

vytyazhnye zaklepki 63 ဖေ‌ဖော်ဝါရီ 2, 2026 - 1:52 မနက်

заклепки вытяжные длина заклепки вытяжные алюминиевые гост

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 1:28 ညနေ

дома коттеджи дизайн фото дизайн двухэтажного коттеджа

Carlosglist ဖေ‌ဖော်ဝါရီ 5, 2026 - 6:10 မနက်
Add Comment