မေလ ၁၉ ရက်အထိ မိုးကြီးပြီး မုန်တိုင်းငယ်တိုက်ခိုက်နိုင်

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၅)

မေလ ၁၂ ရက်ကနေစပြီး ၁၉ ရက် အထိ မိုးကြီးမည့်အပြင် လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့် ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဌာနအနေနဲ့ မိုးကြီးမယ့် သတိပေးချက် ထုတ်ထားတယ်။ မော်ဒယ်တချို့မှာတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်မယ်။ အဲ့ကနေတဆင့် မုန်တိုင်းငယ်အခြေအနေကို ပြတယ်။ မော်ဒယ်တချို့မှာတော့ မပြဘူး။ စောင့်ကြည့်ရပါအုံးမယ်။ ဒီကာလက မုတ်သုံဝင်တဲ့ကာလဖြစ်တော့ လေထုမငြိမ်သက်မှုတွေ ဖြစ်နိုင်တယ်” လို့ ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်တာကြောင့်လည်းကောင်း၊ မုတ်သုံလေ ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ကနေ စပြီး မတ် ၁၉ ရက်နေ့ အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရက္ခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မာ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုသို့ ဖြစ်ပေါ်လာကပါ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှု‌တွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ပါရန် ထုတ်ပြန်ထားပါတယ်။

Related posts

ဗိုလ်မှူးမောင်စောယဉ် ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်များအပေါ် ဂုဏ်ယူ ဂါရဝပြုကြောင်း ULA/AA ဆို

တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ ရာဇသံနှင့် အာရက္ခနိုင်ငံတော်အိပ်မက်ကို လှမ်းမျှော်ကြည့်ခြင်း

မြောက်ပိုင်း ၃ ဖွဲ့က ငြိမ်းချမ်းရေးယူတာထက် အပစ်ရပ်ရေးပဲ လုပ်လာနိုင်

5 Comment

Casino_pikt မတ် 28, 2026 - 12:13 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Пинко Казино
Сайт адаптирован для мобильных устройств и ПК.

CoreySen မေ 5, 2026 - 9:50 မနက်

Apres avoir consulte plusieurs pages https://www.muthead.com/comments/3882117/ site web de casino jeux en direct je remarque des bonus interessants avec des conditions claires.

Camerontub မေ 8, 2026 - 11:10 မနက်

Perso jai perdu la plateforme avec jackpot. https://www.ies9029.edu.ar/img-20161103-wa0022/#comment-104954 cest imprevisible je recommande a la fin.

2026___ltst မေ 12, 2026 - 7:23 ညနေ

Перед важными матчами открыл разбор бонусов букмекерских контор https://firefly-russia.ru/o-chem-na-samom-dele-sporyat-na-yaplakale/ ради интереса, но в итоге дочитал весь материал.

CoreySen မေ 13, 2026 - 8:25 ညနေ

Apres analyse du site https://www.bonback.com/forum/topic/49692/le-meilleur-casino-fran%C3%A7ais-en-ligne-%E2%80%93-notre-guide-ultime-pour-jouer-gagnant casino blackjack je note une bonne ergonomie et des transactions rapides.

Add Comment