ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ခေါ်ယူရန် ကမ်းလှမ်း

အာရက္ခတိုင်းမ် (၁၇ မေ ၂၀၂၅)

ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၃၁၀ ကျော်က မြန်မာအလုပ်သမား ၁၂၀၀ ကျော် ခေါ်ယူမယ်လို့ တိုကျိုမြို့ မြန်မာသံရုံးကနေပြီး မေလ ၁၅ ရက်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့ ဂျပန်နိုင်ငံ ကုမ္ပဏီနဲ့ စက်ရုံ၊ အလုပ်ရုံတွေက ကမ်းလှမ်းစာတွေ ရရှိခဲ့ပြီးနောက် ထိုကုမ္ပဏီများ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းများကိုလဲ နိုင်ငံခြားရေးဝန်ကြီးဌာနက သေချာစိစစ်ထားပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ထားတယ် ဆိုတာကိုလည်း သိရပါတယ်။

ပြည်ပနိုင်ငံများက အလုပ်သမားတွေ ခေါ်ယူမှုများလာခဲ့ပေမယ့်လည်း ပြည်တွင်းမှာက အကြောင်းအမျိုးမျိုးသော အခက်အခဲတွေကြောင့် လူငယ်အများစုတွေ ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်ရာမှာ အခက်အခဲတွေ များစွာရှိ‌နေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ကနေ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ရာမှာ စစ်မှုထမ်းဥပဒေရဲ့ အကန့်အသတ်များ OWIC ကတ် ရရှိဖို့ အခက်အခဲတွေ ကြုံနေရဝာာကိုလည်း သိရပါတယ်။ ဒါ့အပြင် ပြည်ပထွက်ခွာ အလုပ်သမားများလည်း ကန့်သတ်ထားပါသေးတယ်။

ထိုအခက်အခဲတွေကြောင့် နယ်မြို့တွေမှာ ဖွင့်လှစ်ထားတဲ့ ဂျပန်/ကိုရီးယားသင်တန်း‌တွေက လက်ရှိမှာဆိုရင် သင်တန်းပိတ်ထားရတဲ့အပြင် စာမေးပွဲဖြေဆိုရန် စောင့်နေတဲ့ သင်တန်းသားတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Related posts

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

4 Comment

hghjfjdoss_bnkr ဧပြီ 17, 2026 - 4:51 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Hghjfjdossa’s progression promises to influence and revolutionize numerous fields.

Franksoode မေ 2, 2026 - 4:31 မနက်

Chicken Road играть на деньги онлайн на crashslots2026.ru

rent yacht montenegro 202 မေ 5, 2026 - 1:16 ညနေ

Montenegro yacht rental https://rent-a-yacht-montenegro.com

Robertliert မေ 5, 2026 - 7:27 ညနေ

Букмекерские конторы: отзывы, ставки на спорт, новости спорта, прогнозы и
фк хеккен читайте подробнее про ставки и букмекеров на bkradar.com

Add Comment