မန်လီရွာကို စစ်ကောင်စီ ဗုံးကြဲ၊ သာသနိက အဆောက်အအုံများ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၅)

တအာင်းပြည် တပ်မဟာ (၈) နယ်မြေ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး ၂ လုံး လာရောက် ကြဲချခဲ့လို့ သာသနိက အဆောက်အအုံ နဲ့ နေအိမ်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ မနက်အစောကြီး ၁ နာရီ ၁၀ မိနစ်မှာ ၁ ကြိမ်၊ ၁ နာရီ ၁၇ မိနစ် မှာ ၁ ကြိမ်၊ ၂ ကြိမ် လာကြဲတာမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ လူနေအိမ် အများကြီးပဲ ပျက်စီးတာ” လို့ မန်လီကျေးရွာဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာခဲ့ပေမယ် တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးထားတဲ့ နယ်မြေတွေကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေပါတယ်။

အလားတူ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မန်လီကျေးရွာကို ဗုံးကြဲခဲ့လို့ ကျောင်းဆရာမ ၁ ဦး သေဆုံးခဲ့ပါတယ်။

Related posts

ရန်ကုန်က ဘဏ်တွေမှာ ငွေအဝင်မရှိလို့ ငွေထုတ်တာ တင်းကြပ်လာ

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

ဆမီးက စစ်ရှောင်တွေကို HDCO က ဆန်နဲ့ စောင် ထောက်ပံ့