TNLA ရဲ့ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၅)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် ၆၇ စစ်‌ရေးသင်တန်းဆင်ပွဲကို တအာင်းပြည် တနေရာတွင် ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးသင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် အပါအဝင် ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ် တို့ တက်ရောက်ခဲ့ပါတယ်။

“ ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များဟာ လူကြီးများရဲ့ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်ရမှာဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးတဲ့ ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန် နဲ့ ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်တယ်” လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်က ပြောပါတယ်။

အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲတွင် အမှတ်စဥ် (က) နဲ့ (ခ) ခွဲကာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့်ရှိစေရန် အဓိကသင်ကြားပေးကာ သင်တန်းကာလ (၃) လ ကျော်ကြာ သင်ကြားပေးခဲ့ပြီး  အဆိုပါ သင်တန်းတွင် အမျိုးသား (၆၅၇) ဦး နဲ့ အမျိုးသမီး (၁၆၅) ဦး အပါအဝင် စုစုပေါင်း (၈၂၂) ဦး တက်ရောက်ခဲ့တယ်လို့ သိနရပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

AA ထောက်ပို့ဆိုပြီး အမတ ၃၆၈ က တပ်ရင်းမှူးကို စစ်လော်ဘီတွေ အရေးယူခိုင်းနေ

ကျောက်ထုနယ်မြေကို စကမက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနိုင်

3 Comment

Brmaleva ဧပြီ 29, 2026 - 9:27 ညနေ

legal canadian pharmacy online sildenafil citrate online pharmacy mail order pharmacy no prescription

Bbfvaleva ဧပြီ 30, 2026 - 6:32 မနက်

online pharmacy no prescription augmentin canadian pharmacy viagra 100mg how much is adipex at the pharmacy

rent yacht montenegro 695 မေ 5, 2026 - 5:23 ညနေ

superyacht charter Montenegro https://rent-a-yacht-montenegro.com

Add Comment