မန်လီရွာကို စစ်ကောင်စီ ဗုံးကြဲ၊ သာသနိက အဆောက်အအုံများ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၅)

တအာင်းပြည် တပ်မဟာ (၈) နယ်မြေ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး ၂ လုံး လာရောက် ကြဲချခဲ့လို့ သာသနိက အဆောက်အအုံ နဲ့ နေအိမ်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မနက်အစောကြီး ၁ နာရီ ၁၀ မိနစ်မှာ ၁ ကြိမ်၊ ၁ နာရီ ၁၇ မိနစ် မှာ ၁ ကြိမ်၊ ၂ ကြိမ် လာကြဲတာမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ လူနေအိမ် အများကြီးပဲ ပျက်စီးတာ” လို့ မန်လီကျေးရွာဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာခဲ့ပေမယ် တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးထားတဲ့ နယ်မြေတွေကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေပါတယ်။

အလားတူ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မန်လီကျေးရွာကို ဗုံးကြဲခဲ့လို့ ကျောင်းဆရာမ ၁ ဦး သေဆုံးခဲ့ပါတယ်။

Related posts

ဆောင်းအစမှာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေါက်တာညို သတိပေး

လောက်ကိုင်မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ဒေါက်တာညိုထွန်းအောင် တက်ရောက်

အဥ္ဇနပူရမြို့ကို စစ်ကောင်စီ Y-12 နဲ့ ဗုံးကြဲ၊ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

2 Comment

TylerRUg စက်တင်ဘာ 3, 2026 - 7:34 မနက်

Группа препаратов
Подробнее тут – https://kapelnica-ot-zapoya-novosibirsk8.ru/kapelnica-ot-zapoya-cena-v-novosibirske/

Patrickskany စက်တင်ဘာ 20, 2026 - 5:48 ညနေ

Особенно опасен резкий отказ от алкоголя после продолжительном запоя у людей с выраженной зависимостью. Абстиненция способна усиливаться в течение первых суток, а психическое состояние иногда ухудшается даже тогда, когда физическое самочувствие временно стало лучше. Именно поэтому наркологическая помощь включает диагностику, снятие острых проявлений, детоксикация организма, нормализацию сна и дальнейшие рекомендации. Главная задача — не заставить человека «перетерпеть» похмельный синдром, а безопасно вывести его из запоя и создать условия для полноценного восстановления.
Узнать больше – вывод из запоя на дому московская

Add Comment