AA ကို ကျေးဇူးတင်ကြောင်း MTC/MDF ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၅)

သင်တန်းကာလအတွင်း လိုအပ်တာတွေကို ကူညီပံ့ပိုးပေးတဲ့ AA ကို ကျေးဇူး အထူးပင် တင်ရှိပါတယ်လို့ MTC/MDF က ထုန်ပြန်ခဲ့ပါတယ်။

ချင်းပြည်၊ မရာဒေသတွင် အာရက္ခတပ်တော် (AA) ရဲ့ ကူညီပံ့ပိုးမှုနဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ် (MTC/MDF) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ MTC/MDF က မနေ့က ဇွန်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ချက်ခဲ့ပါတယ်။

“သင်တန်းကာလအတွင်း လိုအပ်တာတွေကို ကူညီပံ့ပိုးပေးတဲ့ AA နဲ့ ပြည်တွင်း/ပြည်ပရှိ မရာပြည်သူလူထုများကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါတယ်” လို့ MTC/MDF က ဆိုပါတယ်။

အသက် ၁၈ နှစ် ကနေ ၄၅ နှစ် အောက် မရာပြည်သူတိုင်း ဓမ္မဆရာ နဲ့ ကျန်းမာရေးချွင်းချက်ကလွဲပြီး မဖြစ်မနေ စစ်မှုထမ်းရန် ဥပဒေကို MTC/MDF က ထုတ်ပြန်ခဲ့ပါတယ်။

MTC/MDF ဟာ ချင်းညီနောင် (CB) အဖွဲ့ဝင် ဖြစ်ပြီး အာရက္ခတပ်တော် (AA) ရဲ့ မဟာမိတ်ဖြစ်သလို အာရက္ခတပ်တော်ရဲ့ လက်နက်ခဲယမ်း အများဆုံး ကူညီထောက်ပံ့မှုရရှိထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

မရာလဲန်းကာကွယ်ရေးတပ်ဟာ ချင်းပြည်က မတူမြို့နယ်၊ လိုင်လင်းပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်ရှိ မရာဒေသများကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Related posts

သံတွဲသား ထွန်းနိုင်စိုးရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရခိုင်ယူနိုက်တက် V.U.E Nay Pyi Taw ကိုနိုင်

ရခိုင်ယူနိုက်တက် လေးပွဲဆက် အနိုင်ရလို့ ကစားသမားနဲ့ နည်းပြအဖွဲ့ကို ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်

‎ရွေးကောက်ပွဲအတုက သမ္မတအတု၏ အတုအယောင်ဖြစ်သော ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲနှင့် အုတ်နံရံကို ခေါင်းဖြင့်ဆောင့်နေရသည့် ရဲဝင်းဦး၏ စစ်ရေးဗျူဟာ