AA ကို ဆန္ဒပြဖို့ ဗိုလ်မှူးအောင်နိုင်ဦး ခိုင်း

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော်ကို ဆန္ဒပြရန် ရန်ကုန်ရောက်နေတဲ့ သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်က စစ်ကောင်စီထံတွင် ပြည်သူ့စစ်သင်တန်းဆင်းထားသူတွေကို ဗိုလ်မှူးအောင်နိုင်ဦးက ခိုင်းစေနေတယ်လို့ သိရပါတယ်။

“ဗိုလ်မှူးအောင်နိုင်ဦးက လင်းသာသား၊ အရှေ့ပိုင်းက အရင်က ခင်ညွန့်ရဲ့ ပီအေ ဖြစ်ခဲ့တယ်ပြောတယ်။ နောက်တော့ ပင်စင်ယူပြီး စစ်သင်တန်းကျောင်းမှာ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူတယ်ကြားတယ်။ သူ့ညီကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ကိုကျော်ဇင်လေ။ ကြံ့ခိုင်ရေးအမာခံတွေ” လို့ လင်းသာရပ်ကွက် ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံတွင် ဇူလိုင်လ ၇ ရက်က အာရက္ခတပ်တော်ကို ကန့်ကွက်ကြောင်း ဆန္ဒပြရန် ဦးဆောင်သူမှာ သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်နေ ထွန်းဇော်လတ် (ခ) ငဇော်၊ ရဲလင်း၊ သန်းထွန်းဦး၊ သံမဏိနဲ့ ဘုန်းကြီး တို့ဖြစ်တယ်လို့ သိရပါတယ်။

“ဘုန်းကြီးဆိုတာ လင်းသားဥက္ကဌရဲ့ လက်စွဲလေ၊ ဘုန်းကြီးဆို AA မသိမ်းခင်တုန်းက သေနတ်တကားကားနဲ့၊ နောက်တယောက် ရဲလင်းကြောင့် လင်းသာက ဘုန်းကြီးကျောင်းကို ပေါင်၅၀၀ ဗုံးနဲ့ ချတာ၊ တကယ့် စစ်ခွေးတွေ” လို့ လင်းသာရပ်ကွက် ဒေသခံ နောက်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ယခုအခါ အဆိုပါ ပြည်သူ့စစ်အဖွဲ့သားနဲ့ မိသားစုတွေကို ဗိုလ်မှူးအောင်နိုင်ဦးက လှိုင်သာယာတွင် ခေါ်ယူစောင့်ရှောက်ကာ စစ်ကောင်စီအလိုကျ အသုံးချနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ဆန္ဒပြရန် ဦးဆောင်သူ ထွန်းဇော်လတ် (ခ) ငဇော် နဲ့ ရဲလင်း ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ