ရက္ခိုင်တွင် ဇူလိုင် ၂၈ ရက် အထိ မိုးထစ်ချုန်းရွာပြီး လှိုင်းအလွန်ကြီးမယ်

အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်တွင်  ဇူလိုင်လ ၂၂ ရက် ညနေ ၆ နာရီက စတင်ပြီး ဇူလိုင်လ ၂၈ ရက်အထိ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

အလားတူ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးနိုင်တယ်လို့လည်း သိရပါတယ်။

ပင်လယ်တွင်လည်း လေတိုက်နှုန်းမှာ တနာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် အထိ တိုက်နိုင်ပြီး လှိုင်း အမြင့်မှာ ၁၀ ပေကနေ ၁၆ ပေ အထိ ရှိနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် နဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေး တိုက်တွန်းထားပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

အဆင့်မြင့်ပညာရေးတက္ကသိုလ် ဖွင့်လှစ်ရန် အာရက္ခအမျိုးသားရေးပညာဌာန ပြင်ဆင်နေ