သူပုန်ဖြူကဗျာစာအုပ် လေလံစျေး အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်လာ

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ် ရက္ခိုင်အမျိုးသားအဖွဲချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ (၁) လည်းဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ “ သူပုန် ဖြူကဗျာစာအုပ်” လေလံစျေးဟာ အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သူပုန်ဖြူ Team က ဇူလိုင်က ၂၈ ရက်က ထုတ်ပြန်ပါတယ်။

“ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ဒေါ်လာ ၆၀၀၀ နဲ လေလံဆွဲထားတဲ့ ကဗျာစာအုပ် အမှတ်စဉ် 01109 စာအုပ်ပိုင်ရှင် Mr.MHZ-PT က အဆိုပါစာအုပ်ကို ဇူလိုင်လ ၂၆ ရက်က ဒေါ်လာ ၁၂၀၀၀ ထိ ထပ်မံတိုးမြှင့် ဝယ်ယူလိုက်တာကြောင့် သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲတွင် နောက်ထပ် တဆင့်ကို ရောက်ရှိလာပြီ” လို့ ဖော်ပြထားပါတယ်။

အဆိုပါ “ သူပုန်ဖြူ ကဗျာစာအုပ် လေလံပွဲ” နောက် ဆုံးရက်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် တနင်္လာနေ့ ညနေ ၄ နာရီ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

“ သူပုန်ဖြူ ကဗျာစာအုပ် လေလံပွဲ” နောက်ဆုံးရက်တွင် လေလံပွဲကို Social Media တခုခုကနေ Live လွှင့်သွားမယ်လို့လည်း သူပုန်ဖြူ Team က ဆိုပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)