အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို အရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဇူလိုင်လ ၃၀ ရက်တွင် ဆန်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) နဲ့ ဒေသအုပ်ချုပ်ရေးဌာနနဲ့ ပူပေါင်းပြီး မင်းပြားမြို့နယ်က ရေဘေးဒဏ်သင့်ခဲ့တဲ့ ဒုံကြီး၊ တောတန်း နဲ့ ချင်းဆိပ်ရွာကို ဆန်ရိက္ခထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
“ ရွာ ၃ ရွာက ရေဘေးသင့်ပြည် ၆၄၅ ယောက်အတွက် ဆန်အိတ် ၅၀ ထောက်ပံ့ပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တာဝန်ရှိသူတဦးက ပြောပါတယ်။
အလားတူ ကျန် ရေဘေးဒဏ်သင့် ကျေးရွာတွေက ပြည်သူတွေကိုလည်း ဆက်လက်ပြီး ဆန်ရိက္ခာထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။
မင်းပြားမြို့နယ်က ရေနစ်မြုပ်တဲ့ ကျေးရွာတွေကတော့ လက်ခုတ်၊ မြင်းတင်မ၊ ဒုံးသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ ချောင်းတို၊ ကပ္ပဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင် နဲ့ ဒုံကြီး တို့ပဲ ဖြစ်ပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
Photo – Awng Naing Lin/Arakan Princess Media
2 Comment
Discover the thrill of real-money live casino action at play live casino on mobile, where you can enjoy live dealers, top software providers, and exclusive promotions.
Many new features and optimizations are driven by active community engagement.
Sprawdz poradnik kamera do drona fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Nagrania w slabym swietle wymagaja matryc o dobrej czulosci i niskim poziomie szumow.