အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဇူလိုင်လ ၃၀ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဒွတ္ထိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး လာရောက် ကြဲချခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုမရှိပေမယ့် သဒွတ္ထိန်ကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းက ဘုန်းကြီးကျောင်းဆောင်ကြီး၊ သံဃာတန်း၊ သိမ်၊ ဓမ္မာရုံခေါင်မိုး နဲ့ နံရံတချို့ ပြိုကျပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ဇူလိုင်လ ၂၂ ရက် မနက်အစောတွင် စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ကျောက်ပြောက်ရွာက ဘုန်းတော်ကြီးကျောင်းကိုလည်း ဗုံး ၂ လုံး ကျဲချခဲ့လို့ ဘုရားကျောင်းခန်း နဲ့ ဓမ္မာရုံတို့ ပျက်စီးသွားခဲ့ပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ ဖျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
Photo – Arakan Princess Media