တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစု ၁၅၀ နီးပါး AA ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်ပိုက်ခဲ့စဥ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၅၀ နီးပါး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ မိသားစုဝင် ၁၄၄ ဦးကို သြဂုတ်လ ၉ ရက်က ပြန်လွှတ်ပေးခဲ့တယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၄ ရက်က ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က အလုံးစုံး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ပြန်လည်လွှတ်ပေးလိုက်တဲ့ မိသားစုဝင်တွေထဲက တချို့က တပ်တော်မှာ တာဝန်ထမ်းဆောင်ချင်တယ် ပြေတဲ့သူတွေလည်း ရှိတယ်။ တပ်တော်အနေနဲ့လည်း သင့်တော်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခွင့်ပေးမယ်လို့ ပြောတယ်” လို့ တောင်ကုတ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ မောင်တော၊ ရသေ့တောင်၊ မင်းပြား စတဲ့ မြို့သိမ်းတိုက်ပွဲတွေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ကျော်ကို ပြန်လည် လွှတ်ပေးထားပြီးလည်း ဖြစ်ပါတယ်။

Related posts

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့