အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့ပေါ်နဲ့ မအီမြို့နားက လုံတော်ပေါက်ကျေးရွာကို သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီကျော်က စစ်ကော်မရှင်ရဲ့ လေယာဥ်က ဗုံးလာကြဲတာမှန်ကန်တယ်လို့ သိရပါတယ်။
“ တောင်ကုတ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းက ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့လို့ ပြည်သူ ၃ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ဘယ်ရပ်ကွက်ကိုကျပြီး ဘယ်သူတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ သေချာ မသိရသေးဘူး” လို့ ရက္ခိုင်ပြင်ပရောက် တောင်ကုတ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်က ရွာမ နဲ့ ကင်းတောင်ရွာကို စစ်ကောင်စီက သြဂုတ်လ ၆ ရက် နေ့လည် ၁ နာရီခန့်က ဗုံး ၃ လုံး ကြဲချခဲ့ပါသေးတယ်။
“ တောင်ကုတ်မြို့နယ် မအီမြို့ လုံးတော်ပေါက်ပိုက်ဆိပ်ကိုလည်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသွားလို့ ရွာသား ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်” လို့ သူက ထပ်မံပြီး အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေကို လေယာဉ်ကနေ ဗုံးလာရောက် ကြဲတာတွေကို နေ့စဥ်ဆိုသလို လာရောက် လုပ်ဆောင်နေတယ်လို့ ရက္ခိုင်ဒေသခံတွေက ပြောပါတယ်။