NewsPolitic

တောင်ကုတ်မြို့ပေါ်နဲ့ လုံးတော်ပေါက်ကို စစ်ကောင် ဗုံးကြဲတာ မှန်ကန်

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ပေါ်နဲ့ မအီမြို့နားက လုံတော်ပေါက်ကျေးရွာကို သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီကျော်က စစ်ကော်မရှင်ရဲ့ လေယာဥ်က ဗုံးလာကြဲတာမှန်ကန်တယ်လို့ သိရပါတယ်။

“တောင်ကုတ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းက ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့လို့ ပြည်သူ ၃ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ဘယ်ရပ်ကွက်ကိုကျပြီး ဘယ်သူတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ သေချာ မသိရသေးဘူး” လို့ ရက္ခိုင်ပြင်ပရောက် တောင်ကုတ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ တောင်ကုတ်မြို့နယ်က ရွာမ နဲ့ ကင်းတောင်ရွာကို စစ်ကောင်စီက သြဂုတ်လ ၆ ရက် နေ့လည် ၁ နာရီခန့်က ဗုံး ၃ လုံး ကြဲချခဲ့ပါသေးတယ်။

“တောင်ကုတ်မြို့နယ် မအီမြို့ လုံးတော်ပေါက်ပိုက်ဆိပ်ကိုလည်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသွားလို့ ရွာသား ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်” လို့ သူက ထပ်မံပြီး အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေကို လေယာဉ်ကနေ ဗုံးလာရောက် ကြဲတာတွေကို နေ့စဥ်ဆိုသလို လာရောက် လုပ်ဆောင်နေတယ်လို့ ရက္ခိုင်ဒေသခံတွေက ပြောပါတယ်။

Related posts

ရသေ့တောင်ကနေ ကျောက်တော်ကို စျေးဝယ်သွားတဲ့ ဘုတ်တစ်စီးနစ်မြုပ် လူအများအပြား သေဆုံး(Breaking News)

Rakhita Times

AA ထိုးစစ်ကိုခုခံရန် ဆုံကုန်းအမြောက်တပ်ကို စစ်ကူနဲ့လက်နက်ခဲယမ်း အများအပြားဖြည့်တင်း

Rakhita Times

တောင်ကုတ်တွင် နယ်လှည့် အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့

Rakhita Times

2 comments

Leave a Comment