ကျောက်ဖြူ သပြုတောင်ရွာကို စစ်ကော်မရှင် မီးရှို့ဖျက်စီး (Breaking News)

အာရက္ခတိုင်းမ်စ် (၁၆ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သပြုတောင်ရွာကို ဒီကနေ့ နေ့လည် ၁၂ နာရီ ခွဲလောက်က စစ်ကော်မရှင်တပ်သားများ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

“ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ တပ်ရင်းက တပ်သားတွေ ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့သွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကုလဘာ၊ လိပ်ခမော်ရွာသစ် နဲ့ ရွာဟောင်းကိုလည်း သြဂုတ်လ ၁၄ ရက်က ဒရုန်းနဲ့ လာရောက် ဗုံးကြဲ ဖျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီကနေ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း တင်ပြပေးသွားပါမယ်။

Photo – APM

Related posts

နတ်ရေကန်နဲ့ တလိုင်းတောင် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး

အမြင့်ကျွန်းကို စစ်ကောင်စီ တပ်မ ၁၀၁ အင်အားထပ်မံဖြည့်တင်း

ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းမှုနဲ့ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦးကို AA က ပြန်လည်လွှဲပြောင်းပေး