အာရက္ခတိုင်းမ်စ် (၁၇ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်က ထန်းရှောက်ခံကျေးရွာ အစုလိုက် အပြုံလိုက် သေဆုံးမှုအပေါ် အာရက္ခတပ်တော်ကို ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲတာနဲ့ပတ်သက်ပြီး ဦးခိုင်သုခက ဇော်မင်းထွန်းတို့အဖွဲ့က ပွဲလန့်တုန်း ဖျာခင်း၊ ချောလဲ ရောထိုင် လုပ်တာပါလို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရက္ခိုင်ပြည်တွင် နေထိုင်ကြတဲ့ လူမျိုးစုများအကြား နဂိုကတည်းက လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လေ့ရှိနေပြီး အထူးသဖြင့် ရက္ခိုင်တိုင်းရင်းသားနဲ့ င်္ဘဂါလီများကြားက ပဋိပက္ခဟာ ကြီးမားမှုရှိနေသောကြောင့် ယခုအခြေအနေမျိုးတွင် AA ဟာ င်္ဘဂါလီများအပေါ် လူမျိုးရေးအရ အငြိုးထားပြီး အ-စု-လိုက်-အ-ပြုံ-လိုက် သ-တ်-ဖြတ်မှုများ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာဖြစ်တယ်” လို့ စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။
အထက်ပါကဲ့သို့ စွပ်စွဲမှုအပေါ် “ ဒီဟာကတော့ ဇော်မင်းထွန်းတို့ နလအ အဖွဲ့က ပွဲလန့်တုန်း ဖျာခင်း၊ ချော်လဲ ရောထိုင်လုပ်တဲ့သဘောမျိုးပါဘဲ။ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီက သူတို့ကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဘင်္ဂလီမူဆလင်အကြမ်းဖက်အဖွဲ့တွေနှင့် အကြမ်းဖက်အဖွဲ့အချင်းချင်းပူးပေါင်းချိတ်ဆက်ပြီးတော့ ချိန်ကိုက်စွပ်စွဲထုတ်ပြန်လာတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မူဆလင်အကြမ်းဖက်အဖွဲ့တွေကို ဘယ်သူတွေ ဘယ်လိုကြံစည်မွေးထုတ်ခဲ့သလဲဆိုတာ မြန်မာပြည်သူတရပ်လုံးရှင်းရှင်းလင်းလင်းမြင်လာရပြီဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အမှန်တရားအပေါ်မှာရပ်တည်ပြီး ဆက်လက်ဖော်ထုတ်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ဆိုပါတယ်။
စစ်ကော်မရှင်က စွပ်စွဲထားတဲ့ ထန်းရှောက်ခံကျေးရွာသားတွေဟာ ဘူးသီးတောင်တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးကင်းရာကို တိမ်းရှောင်ပြီး ဖြစ်ပြီး ထန်းရှောက်ခံရွာသစ်တွင် စုပေါင်းနေထိုင်ကြပြီလို့လည်း သိရပါတယ်။
အဆိုပါ ထန်းရှောက်ခံရွာနဲ့ ပတ်သက်ပြီး ဦးခိုင်သုခက သြဂုတ်လ ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင်လည်း ၂၀၁၇ ခုနှစ် စာရင်းအရ လူဦးရေ ၉၉၃ ယောက်ရှိပြီး လက်ရှိတွင် လူဦးရေ ၇၉၁ ယောက်နေထိုင်လျက် ရှိပါတယ်လို့လည်း ပြောကြားထားပါတယ်။ လူဦးရေ လျော့ကျသွားတာဟာ ရန်ကုန်၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို စစ်ဘေးရှောင်သွားကြကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – အာရက္ခတပ်တော်က ကယ်ဆယ်ရေးလုပ်ဆောင်နေ