အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။
အထက်ပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒါဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဟာ ကလေးငယ်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုတွေ၊ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကို အကြမ်းဖက်စစ်ကောင်စီ ပီသစွာဖြင့် စစ်ရာဇဝတ်ကျူးလွန်ခြင်းအား အကြိမ်ကြိမ်အခါခါ မျက်မြက်ထင်ရှား တွေ့မြင်ခဲ့ရပြီဖြစ်တယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။
ထို့အပြင် “ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များနဲ့ ကလေး၊ သူငယ်၊ ကျောင်းသား/သူ၊ သက်ကြီးရွယ်အိုများဟာ သေကြေပျက်စီး ဆုံးရှုံးမှု များစွာရှိခဲ့ရပြီး ထိုကဲ့သို့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ် ကျူးလွန်မှုများကို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချအပ်ပါတယ်” လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လူမျိုးတုံးသတ်ဖြတ်မှု ပုံစံပြုလုပ်နေသကဲ့သို့ လေကြောင်းအန္တရာယ် ပြုလုပ်မှုတွေကို အာရက္ခပြည်သူလူထုနဲ့တကွ ပြည်မလူထုတွေရဲ့ အသက်အိုးအိမ်တွေကို နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို ဆက်တိုက် လုပ်ဆောင်လျက် ရှိနေတယ်လို့လည်း ဆိုပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူလူထုတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ မိဘပြည်သူတွေ ဝမ်းနည်းခံစားခဲ့ရသလို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့လည်း ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဆိုပါတယ်။
1 Comment
Лучшее казино ап икс сайт играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.