ရက္ခိုင်မှာ ULA/AA က ဒေသန္တရအမိန့် ထပ်ထုတ်

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသန္တရအမိန့် တချို့ ထပ်မန် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

“ လမ်းမကြီးတွေမှာ ကျွဲ၊ နွား၊ ဆိတ် စတဲ့ သတ္တဝါတွေကို မကျောင်းဖို့၊ အဓိကကတော့ ယာဥ်အန္တရာယ် ကင်းစင်အောင် လုပ်တာပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထိုသို့ တားမြစ်ရခြင်းမှာ ယာဥ်သွားလာမှုကို အနှောက်အယှက်မဖြစ်စေဘဲ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

“ နောက်ပြီးတော့ လမ်းဘေးဆိုင်တွေပေါ့။ သူတို့က ဆိုင်ဆောက်တဲ့အခါမှာ လမ်မပေါ် တက်ဆောက်တာတွေ ရှိလို့ လမ်းမပေါ် တက်မဆောက်ဖို့ အဲလို ထုတ်ပြန်တာပါ” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ လမ်းမကြီးများတွင် ယာဥ်ရပ်နားခြင်း၊ ပစ္စည်းများ ချထားခြင်းနဲ့ ယာဥ်မရပ်ရ သတ်မှတ်ထားတဲ့နေရာတွေမှာ ယာဥ်မရပ်နားရန်လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo – APM

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)