EducationNewsPolitic

ရက္ခိုင်မှာ ULA/AA က ဒေသန္တရအမိန့် ထပ်ထုတ်

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသန္တရအမိန့် တချို့ ထပ်မန် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

“လမ်းမကြီးတွေမှာ ကျွဲ၊ နွား၊ ဆိတ် စတဲ့ သတ္တဝါတွေကို မကျောင်းဖို့၊ အဓိကကတော့ ယာဥ်အန္တရာယ် ကင်းစင်အောင် လုပ်တာပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထိုသို့ တားမြစ်ရခြင်းမှာ ယာဥ်သွားလာမှုကို အနှောက်အယှက်မဖြစ်စေဘဲ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

“နောက်ပြီးတော့ လမ်းဘေးဆိုင်တွေပေါ့။ သူတို့က ဆိုင်ဆောက်တဲ့အခါမှာ လမ်မပေါ် တက်ဆောက်တာတွေ ရှိလို့ လမ်းမပေါ် တက်မဆောက်ဖို့ အဲလို ထုတ်ပြန်တာပါ” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ လမ်းမကြီးများတွင် ယာဥ်ရပ်နားခြင်း၊ ပစ္စည်းများ ချထားခြင်းနဲ့ ယာဥ်မရပ်ရ သတ်မှတ်ထားတဲ့နေရာတွေမှာ ယာဥ်မရပ်နားရန်လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo – APM

Related posts

ကစ္ဆပနဒီတံတားကို စကမ ဗုံးကြဲ

Rakhita Times

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

Rakhita Times

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်စည်တန်ဖိုးတွေ ပိုမိုကွာခြားလာ

Rakhita Times

142 comments

Leave a Comment