အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော်ထံမှာ စစ်ရှုံးထားတဲ့ စစ်ကော်မရှင်က ဆုံးရှုံးထားတဲ့ နယ်မြေတွေ အဓိကအားဖြင့် ဧရာဝတီ-ရက္ခိုင်အစပ်၊ မကွေး-ရက္ခိုင်အစပ်နေရာတွေကို ပြန်ရဖို့ ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒါအပြင် စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော် ဝန်းရံပိတ်ဆို့ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာရှိတဲ့ လက်ကျန်စခန်းတွေကိုလည်း အာရက္ခတပ်တော်ထံကို မရောက်စေဖို့အတွက်ကိုလည်း ထိုးစစ်ဆင်လျက်ရှိနေပါတယ်။
ဒါပေမယ့် အဲဒီလို ထိုးစစ်ဆင်နေပေမယ့်လည်း အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်၊ စုစည်းညီညွတ်တဲ့ ခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်မှာ အထိအခိုက်အကျအဆုံးတွေနဲ့ပဲ ဆက်လက် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်ကနေ စတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ပွဲတိုင်းက အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ရည်မှန်းချက်များဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
အခုဆိုရင် အဲဒီရည်မှန်းချက်တွေကို အလုံးစုံ အကောင်အထည်ဖော်နေတာ ၂ နှစ်နီးပါး ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ကျန်တဲ့ရည်မှန်းချက်တွေကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနဲ့အတူ လက်တွဲပြီး အာရက္ခပြည်သူ လူထုတစ်ရပ်လုံး ရည်မှန်းထာတဲ့ ရည်မှန်းချက်တွေ အလုံးစုံအပြည့်အဝ ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ရက္ခိုင်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားကိုလည်း ပြည်သူ့တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
6 Comment
References:
Online Casino Echtgeld Google Pay
References:
https://www.youtube.com/redirect?q=https://de.trustpilot.com/review/owowear.de
References:
Rocketplay online casino neosurf
References:
https://blogfreely.net/noodledraw9/deposit-at-rocketplay-with-neosurf
References:
Where to buy trenbolone near me
References:
https://writerlocket6.werite.net/trenbolone-injections-for-sale-online
References:
Testosteron steigern
References:
https://md.un-hack-bar.de/s/vsEyksGSMs
References:
Fastest payout high roller casino
References:
http://techou.jp/index.php?firclutch76
References:
Sandia casino albuquerque
References:
https://jobs.assist24-7.com/employer/payid-casinos-2026-fastest-withdrawals-tested-0-2h-payouts/