ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၅)

လူတိုင်း ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ အာရက္ခတပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော်ကလည်း ကိုထွန်းမြတ်နိုင်နဲ့ သူရဲ့ တပ်ဖွဲ့များရဲ့ အချိန်တိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရက္ခိုင်ပြည်သူများ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ် ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိ နားလည်ခဲ့ရတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မကြာခင်ရက်ပိုင်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကိုထိန်လင်းတို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

“ သူက (ဗိုလ်ချုပ်ထွန်းမြတ်နိုင်) မေ့မေ့ကို (ဒေါ်အောင်ဆန်းစုကြည်) အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” လို့လည်း ကိုထိန်လင်းက ထပ်မံရေးသားထားပါတယ်။

အခုလို တွေ့ဆုံမှုဟာ ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင်အားတခုဖြစ်တယ်လို့လည်း ကိုထိန်လင်းက ဆိုပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ