မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာ စစ်ကော်မရှင်က မြှုပ်နှံခဲ့တဲ့ မြေမြှုပ်မိုင် ၁၂၈ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“သွားလာ‌ရေး ပိုပြီး စိတ်ချလုံခြုံဖို့အတွက် တပ်တော်က မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးနေတာလေ။ အကြောက်တရား ကင်းကင်းနဲ့ သွားလာရတော့ ကျနော်တို့အတွက် ကောင်းတာပေါ့” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က စက်တင်ဘာလ ၅ ရက် နဲ့ ၆ ရက် မှာ မောင်တောမြို့နယ်အတွင်းက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

“သစ်တောရွာအဝင်ဝက ကားလမ်းတလျောက်နဲ့ ၄ မိုင် စခန်းနားက ကားလမ်းတလျောက်ကို ရှင်းလင်းပေးခဲ့တာ” လို့လည်း သူက ထပ်မံပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သူစစ်ရှုံးနယ်မြေတွေမှာ မြေမြှုပ်မိုင်း မြောက်များစွာကို မြှုပ်နှံထားခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ