အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို ဒီနေ့ မနက် ၁ နာရီခန့်အချိန်က စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား/သူ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျတယ်။ ပညာပန်းခင်းကျောင်းရှေ့ကို တည့်တည့်ကျတယ်။ ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးတွေ သေဆုံးကြတယ်။ ဒဏ်ရာရတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်” လို့ ကျောက်တော်မြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပွဲချင်းပြီး ၁၈ ဦး သေဆုံးခဲ့ပြီး ထပ်တိုး ၄ ဦး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူ ၂၂ ဦး အထိ ရှိလာတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကျောင်းသား/သူ ၁၈ ဦးရှိနေပြီး ၂၀ ကျော် ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ထားပါတယ်။