NewsPolitic

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦး အထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို ဒီနေ့ မနက် ၁ နာရီခန့်အချိန်က စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား/သူ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ပေါင် ၅၀၀ ဗုံး ၂ လုံး ကျတယ်။ ပညာပန်းခင်းကျောင်းရှေ့ကို တည့်တည့်ကျတယ်။ ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးတွေ သေဆုံးကြတယ်။ ဒဏ်ရာရတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်” လို့ ကျောက်တော်မြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပွဲချင်းပြီး ၁၈ ဦး သေဆုံးခဲ့ပြီး ထပ်တိုး ၄ ဦး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူ ၂၂ ဦး အထိ ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကျောင်းသား/သူ ၁၈ ဦးရှိနေပြီး ၂၀ ကျော် ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

ပုဏ္ဏားကျွန်း ဖက်ကျရွာကို ရွေးတုတပ် လေကြောင်းကနေ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

Rakhita Times

အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှု ရက္ခိုင်က စတုတ္ထနေရာရှိနေ

Rakhita Times

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

Rakhita Times

2 comments

BrianBoill စက်တင်ဘာ 3, 2026 at 12:45 ညနေ

Лечение осуществляется поэтапно. После прибытия нарколог оценивает больного и выбирает растворы. Инфузия проводится с соблюдением правил безопасности, а персонал контролирует реакцию пациента. В зависимости от тяжести абстиненции специалист может рекомендовать дополнительное наблюдение или перевод в палаты стационара.
Дополнительная информация – kapelnicy-ot-zapoya-otzyvy

Reply
Davidsib စက်တင်ဘာ 4, 2026 at 3:48 မနက်

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Изучить вопрос подробнее – https://vyvod-iz-zapoya-ehlektrostal3.ru/

Reply

Leave a Comment