အာရက္ခတိုင်းမ်စ် (၁၄ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်း ကျောင်း ၂ ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် အမေရိကန်ရောက် ရခိုင်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ Arakan American Community (AAC) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၃) ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်သူလူထုရဲ့ အနာဂတ်ကို ဖျက်စီးလိုတဲ့ ရည်ရွယ်နဲ့ လူမျိုးတုံး သတ်ဖြတ်မှု လုပ်ရပ်လည်းဖြစ်တယ်လို့ (AAC) ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြ ထားပါတယ်။
ကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမများနဲ့ ပညာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားခြင်းဟာ ရက္ခိုင်ပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ချေဖျက်ဖို့ စစ်ကော်မရှင်က စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ရက္ခိုင်လူငယ်တွေရဲ့ အသံတွေကို နှုတ်ပိတ်ပြီး သူတို့ရဲ့ အနာဂတ်ခေါင်းဆောင်တွေကို ဆုံးရှုံးစေလိုတာကြောင့် ပြည်သူတွေရဲ့ စိတ်ဓာတ်ကို အကြောက်တရား လွှမ်းအောင် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် (AAC) ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားတဲ့ အချက်သုံးချက်လည်း ပါဝင်နေပါတယ်။
အဲဒီချက်တွေကတော့ ကုလသမဂ္ဂနဲ့ ၎င်းတို့နဲ့ သက်ဆိုင်တဲ့ အဖွဲအစည်းတွေဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေအတွက် မြန်မာစစ်အစိုးရအား ချက်ခြင်း စုံစမ်းစစ်ဆေးရန်၊
နိုင်ငံတကာ အသိုင်းအဝိုင်းတွေက စစ်ကော်မရှင်ကို ပိုမို ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပြီး ရက္ခိုင်ပြည်ရှိ အရပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်တွေပေးရန်နဲ့ အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ ရက္ခိုင်နဲ့ မြန်မာနိုင်ငံက ပြည်သူတွေ စည်းလုံးညီညွတ်စွာ ရပ်တည်ရန် ဆိုတဲ့ အချက် သုံးချက် ပါဝင်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ စစ်ကော်မရှင်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ လကုန်ပိုင်းမှာ ရက္ခိုင်က မြို့နယ် ၁၄ ခုကို အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် ရက္ခိုင်က မြို့နယ်အချို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
7 Comment
Reading this on the train into work was a better use of the commute than my usual choices, and a stop at lunivora extended that commute reading well, content that improves transit time rather than just filling it is content with practical benefit and this site has earned its place in my morning commute reading rotation.
Skimmed first and then went back to read carefully, and the careful read paid off in places I had missed, and a stop at clarvesta got the same treatment, the rare site whose content rewards a second pass is content I want more of in my regular rotation rather than disposable single read articles.
A slim post with substantial content per word, and a look at seamsecret maintained the same density, the content per word ratio is something I track informally and this site scores high on that ratio compared to most sources I read regularly which is a quiet indicator of careful editorial work behind the scenes.
Easy to recommend, the content speaks for itself without needing additional praise from me, and a stop at mimosamarket only adds more reasons to send people this way, the kind of generous resource that benefits its readers without demanding anything in return is increasingly rare and worth recognising clearly today across the broader open internet.
Quietly impressive in a way that does not announce itself, and a stop at gpugearhouse extended that quiet impressiveness, the kind of quality that emerges through sustained attention rather than first impressions is the kind I trust more deeply and this site has been earning that deeper trust across multiple sessions over time consistently.
Decided to read more before commenting and the more I read the more I wanted to say something, and a stop at wifiwizard pushed that impulse further, when content provokes the urge to participate rather than just consume it is doing something quite specific and worth recognising clearly when it happens during reading.
A piece that demonstrated competence without performing it, and a look at vpnvault maintained the same self assured but unshowy register, the gap between competence and performance of competence is one I track and this site has clearly chosen to demonstrate rather than perform which I find much more persuasive as a reader.