ကျောက်တော် ဗုံးကြဲမှု ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်သင့်သလဲ

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၅ )

အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တပင်ရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း‌ လေကြောင်းနဲ့ ဗုံးကြဲခံရမှု ဖြစ်စဉ်ကို ဘယ်လိုတုန့်ပြန်သင့်သလဲ ဆိုတဲ့အပေါ် နိုင်ငံရေးအကဲခတ်တွေကြား သုံးသပ်မှုတွေ ရှိနေပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ကျောက်တော်မြို့ သရက်တပင်ရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း‌ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသူ/ကျောင်းသား ၂၀ ဦးထက် မနည်း သေဆုံးခဲ့သလို ၂၀ ဦးကျော် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

လက်ရှိအချိန်အထိ သေဆုံးသူဦးရေနဲ့ ဒဏ်ရာရသူ ဦးရေတို့ဟာလည်း တိုးလာလျက် ရှိနေပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အခုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ပြီး ဥပဒေအရ အပြစ်ပေးရမှာ ဖြစ်ပေမယ့် သူတို့ရဲ့ စစ်စခန်းတွေကို ပြန်ချေမှုန်းခြင်းနဲ့ပဲ တုန့်ပြန်ရမယ့် အနေအထားဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီဟာကတော့လေ တကယ်တော့ လူသားချင်းစာနာမှုကင်းစွာနဲ့ ဒါဟာ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးလာချတာလို့ ကျနော်ကတော့ အဲဒီလို နားလည်တယ်။ ပြီးတော့ ဒီဟာတွေကတော့ စစ်ရာဇဝတ်မှု မြောက်တယ်ပေါ့။ တကယ်လို့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တော့ ဒီဟာကို ဥပဒေနည်းအရ ကိုယ်က သူတို့ကို အရေးယူပြီးတော့ ဥပဒေအရ အပြစ်ပေးရမှာပေါ့။ ဒါပေမယ့် အခုအချိန်ကာလက အဲဒီလို မရှိဘူးဆိုတော့ လက်နက်နည်းနဲ့ ပြန်တုန့်ပြန်တယ်ဆိုရင် မကောင်းဘူးပေါ့။ အပြစ်မဲ့ နောက်ထပ် ပြည်သူတွေ မဖြစ်ဖို့အတွက်ပဲ ကျနော်တို့ကတော့ မြင်ချင်တယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ တော်လှန်ရေးအင်အားစုတွေ ပြန်ပြီး တုန့်ပြန်မယ်ဆိုရင် ရန်သူရဲ့ စခန်းတွေပေါ့။ ရန်သူရဲ့ နေရာတွေဟာ ပြန်ပြီးတော့ ချေမှုန်းခံရဖွယ် မြင်တယ်ပေါ့နော်။ ဒီလိုပဲ တုန့်ပြန်လို့ရမယ် ထင်တယ်” လို့ သူက ပြောပါတယ်။

ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချရာမှာ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူနဲ့ ကျူးလွန်ဖို့ စေခိုင်းသူ၊ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်ဘက်က သတိပေး ထုတ်ပြန်ထားပါတယ်။

လူမဆန်တဲ့လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်မှု အချက်အလက်တွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေထံကို ပေးပို့သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်တပ်ကင်းစင်တဲ့ အာရက္ခတစ်ပြည်လုံး သိမ်းပိုက်နိုင်ရေးအတွက်လည်း တပ်တော်အနေနဲ့ တဆင့်ချင်းဆီ အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တပ်တော်ကတော့ သူလုပ်စရာရှိတဲ့အလုပ်ကိုတော့ သူလုပ်နေတာပါပဲ။ ဒါပေမယ့် တချို့ဟာတွေမှာ ကိုယ်မှန်းထားတဲ့အတိုင်း ခရီးက ပေါက်ချင်မှ ပေါက်နိုင်တာကို။ ရန်သူကလည်း ရန်သူရဲ့ အစီအမံတွေ ရှိကြတာပေါ့။ တပ်တော်အနေနဲ့ကတော့ သူတို့လည်း သူတို့လုပ်ငန်းစဉ်တွေကို ကျနော်တို့က စစ်ရေးအကြောင်း သိပ်မသိဘူးဆိုပေမယ့် သူလုပ်သင့်တဲ့ လုပ်နိုင်တဲ့ဟာတွေကိုတော့ သူ အကောင်အထည် ဖော်နေပါလိမ့်မယ်။ သူ့ဟာနဲ့သူ၊ သူ့အစီအမံနဲ့သူ တဆင့်ချင်း သွားနေတယ်လို့တော့ မြင်ရတယ်။ ရက္ခိုင်မှာ သူထိန်းချုပ်တဲ့ နေရာတွေကို အစိုးရယန္တရား၊ အုပ်ချုပ်ရေး ပီပြင်အောင် တဆင့်ချင်း တဆင့်ချင်း သွားနေတယ်” လို့ သူ က ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၈၄ ဦး သေဆုံးကာ အဲဒီထဲက ၁၀၂ ဦးက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ စက်တင်ဘာ ၁၃ရက်နေ့က အာရက္ခတပ်တော်ရဲ့ HDCO ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းနဲ့ ရိုးမတောင်ခြေတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားရန်လို

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

15 Comment

Casino_fxkt မတ် 28, 2026 - 9:05 မနက်

Здесь доступны как классические игровые автоматы, так и современные видеослоты.
Пинко Казино
Играть на платформе удобно и безопасно.

BwinBet ဧပြီ 11, 2026 - 12:11 မနက်

https://bwin-bet.com.co/
Bwin Bet opera como un casino virtual y sitio de apuestas a eventos deportivos con presencia en Colombia desde 2026 , bajo la autorizacion otorgada por Coljuegos , asegurando asi un ambiente legitimo y confiable para los jugadores .

Camerontub မေ 2, 2026 - 2:31 မနက်
KabelCenaZaMetrdrary မေ 3, 2026 - 4:34 ညနေ

кабель цена за метр https://kabel-cena-za-metr-1.ru

svetotekhnikaPhord မေ 3, 2026 - 4:45 ညနေ

светотехника https://svetotekhnika-1.ru

CoreySen မေ 5, 2026 - 9:50 မနက်

En testant les fonctionnalites https://www.bonback.com/forum/topic/49692/le-meilleur-casino-fran%C3%A7ais-en-ligne-%E2%80%93-notre-guide-ultime-pour-jouer-gagnant plateforme de jeux dargent jeux en direct je remarque une interface bien structuree et des promotions regulieres.

SMMNakrutkaPhord မေ 6, 2026 - 2:14 ညနေ
MembrannayaKrovlyadrary မေ 7, 2026 - 8:05 မနက်
Camerontub မေ 8, 2026 - 10:47 မနက်
ShumoizolyaciyaAvtomobilyaMoskvadrary မေ 12, 2026 - 2:51 ညနေ
2026___kest မေ 12, 2026 - 6:54 ညနေ

Во время изучения линии внимательно изучил сравнение приложений букмекеров https://aldi-electro.ru/itogi-zimnego-transfernogo-okna-v-rpl-akron-dinamo-i-rostov-bez-sereznogo-usileniya/. Материал оказался намного полезнее ожиданий, в отличие от обычных рекламных подборок.

KliningKvartiryMoskvadrary မေ 17, 2026 - 7:49 ညနေ

клининг квартиры Москва [url=https://klining-kvartiry-moskva-1.ru]klining-kvartiry-moskva-1.ru[/url]

KlininkgKvartirySBPPhord မေ 17, 2026 - 9:17 ညနေ
Bioaleva မေ 21, 2026 - 4:12 မနက်

how long does it take sildenafil to work sildenafil interactions is it ok to take 100mg of sildenafil

Bzxaleva မေ 21, 2026 - 5:28 ညနေ

viagra 100mg cost of viagra does viagra make your dick bigger

Add Comment