သံတွဲကို စကမ ဗုံးလာကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့ကို ဒီနေ့ ည ၈ နာရီကျော်တွင် စစ်ကာ်မရှင်က ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ ပထမတလုံးက အလှမ်းဝေးတယ် ဘယ်ကျတယ် မသိပေမယ့် ဒုတိယအလုံးကတော့ ညောင်ပင်ဈေးရပ်ကွက်ကို ကျတယ်။ ညဖက် ဖြစ်နေတော့ အသေအပျောက် အပျက်အစီးတော့ မသိရသေးဘူး” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ယမန်နေ့ (၂၆ စက်တင်ဘာ) ကလည်း စစ်ကော်မရှင်ဟာ တောင်ကုတ်မြို့ တပ်ဦးဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ကြဲချခဲ့လို့ သာသနိက အဆောက်အအုံ ပျက်စီးခဲ့ပါတယ်။

“ သတင်းကတော့ အမျိုးမျိုး ပြောနေတာပေါ့။ ၁ ယောက် သေ သလိုလို ၄ ယောက် ဒဏ်ရာ ရသလိုလိုပေါ့။ ဘယ်သူမှတော့ သေချာ မသိဘူး။ မနက်ကျတော့ သိရမှာပါ” လို့ နောက်ထပ် သံတွဲမြို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားနေပြီး မကြာခင် ထိန်းချုပ်နိုင်တော့မယ်လို့ ဝါဒဖြန့်ချီနေတာလည်း ဖြစ်ပါတယ်။

အထက်ကဲ့သို့ ပြောဆိုနေအပြီးမှာ သံတွဲ နဲ့ တောင်ကုတ်ကို သတင်းပေးတွေ လွှတ်ပြီး အာရက္ခတပ်တော်ရဲ့ သတင်းတွေကို ဖော်ထုတ်နေတယ်လို့လည်း စကမ တယ်လီဂရမ်ကနေ ရေးသားနေပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

AA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရာဝတီက အမှတ်စဉ် ၁ စစ်မှုထမ်း ၉၀၀ နီးပါးပျောက်ဆုံး

မင်းပြားနဲ့ ကျောက်တော် ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦး အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး နဲ့ ကလေး ၁ ဦး သေဆုံး

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

1 Comment

Casino_wtkt မတ် 28, 2026 - 8:37 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Casino Pinco
Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.

Add Comment