နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နတ်ရေကန်စခန်း မကျစေရေးအတွက် စစ်ကော်မရှင်ဖက်က အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ မနေ့ကဆို သာယာကုန်းကနေ ဖြတ်သွားတာ စစ်ကား ၁၇ စီးတောင်၊ စစ်သားတွေလည်း အပြည့်ပဲ။ နတ်ရေကန်ကို အင်အားဖြည့်ဖို့ သွားကြတာ” လို့ မကွေးတိုင်းဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဟာ ရက္ခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်းလမ်းပေါ်မှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ စခန်းကြီးတခုလည်း ဖြစ်ပါတယ်။

“ Y 12 လေယာဉ်ရော၊ ဒရုန်းတွေ အသုံးပြုပြီးလည်း နတ်ရေကန်မကျစေရေး ကာကွယ်နေတယ်။ မနေ့ကဆို Y 12 ပတ်ပျံနေတာ ၅ ကြိမ်တောင် မကဘူး” လို့ ငဖဲမြို့နယ်က ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂုတ်ကြီး နဲ့ စွန်တက် ပတ်ဝန်းကျင်က ကာကင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ရေကန်ကို ဆက်လက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကလည်း တိုက်ပွဲများနဲ့ပတ်သက်ပြီး ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူးနဲ့ ရက္ခိုင်-ဧရာဝတီ အစပ်တို့တွင် ဖြစ်ပွားတဲ့ တိုက်ပွဲများတွင် စစ်ကော်မရှင်ဖက်က အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေပြီလို့ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Related posts

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ