NewsPolitic

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နတ်ရေကန်စခန်း မကျစေရေးအတွက် စစ်ကော်မရှင်ဖက်က အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“မနေ့ကဆို သာယာကုန်းကနေ ဖြတ်သွားတာ စစ်ကား ၁၇ စီးတောင်၊ စစ်သားတွေလည်း အပြည့်ပဲ။ နတ်ရေကန်ကို အင်အားဖြည့်ဖို့ သွားကြတာ” လို့ မကွေးတိုင်းဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဟာ ရက္ခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်းလမ်းပေါ်မှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ စခန်းကြီးတခုလည်း ဖြစ်ပါတယ်။

“Y 12 လေယာဉ်ရော၊ ဒရုန်းတွေ အသုံးပြုပြီးလည်း နတ်ရေကန်မကျစေရေး ကာကွယ်နေတယ်။ မနေ့ကဆို Y 12 ပတ်ပျံနေတာ ၅ ကြိမ်တောင် မကဘူး” လို့ ငဖဲမြို့နယ်က ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂုတ်ကြီး နဲ့ စွန်တက် ပတ်ဝန်းကျင်က ကာကင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ရေကန်ကို ဆက်လက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကလည်း တိုက်ပွဲများနဲ့ပတ်သက်ပြီး ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူးနဲ့ ရက္ခိုင်-ဧရာဝတီ အစပ်တို့တွင် ဖြစ်ပွားတဲ့ တိုက်ပွဲများတွင် စစ်ကော်မရှင်ဖက်က အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေပြီလို့ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Related posts

ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

နတ်ရေကန်တွင် စကမ အင်အား ရာဂဏန်းသာ ကျန်ရှိ

Rakhita Times

ဆောဘက်ခြမ်းတွင် စကမ စစ်အင်အားဖြည့် အထိုင်ချထားလို့ ရက္ခိုင်ကုန်သည်တွေ အထူးသတိထားရန်လို

Rakhita Times

1 comment

Leave a Comment