ကျောက်ဖြူကို စကမ နေဗီက လက်နက်ကြီးပစ်လို့ အမျိုးသားတဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက် ည ၇ နာရီခွဲခန့်က စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ငအုပ်ရွာနဲ့ ဝမျှောင်ရွားကြားမှာ ကျောက်ချရပ်ထားတဲ့ နေဗီကနေ လှမ်းပစ်တာမှာ ဦးအောင်ဇံတို့ အိမ်နားကို ကျပြီးပေါက်ကွဲတယ်။ ပေါက်ကွဲပြီး လက်နက်စတွေက ဦးအောင်ဇံကို ထိမှန်လို့ အရေးပေါ် ဆေးကုသနေရတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာက အသက် ၈၆ နှစ်အရွယ် ဦးအောင်ဇံ ဖြစ်တယ်လို့ သိရပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေက ပင်လယ်ပြင်ကနေပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာ၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို အခုရက်တွေမှာ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

အဲဒါအပြင် စစ်ကော်မရှင်က လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားပြီး ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပြုလုပ်လျက် ရှိနေပါတယ်။

Related posts

မြောက်ဦးကို လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

3 Comment

https://anomaastudio.in/ ဩဂုတ် 5, 2026 - 1:45 မနက်

References:

Online casino luxury https://anomaastudio.in/

http://maps.google.gy/url?q=https://abc.fengniao.com/login?url=https://instantcasinodeutschland.de/ ဩဂုတ် 5, 2026 - 11:49 ညနေ
https://en.asg.to/ ဩဂုတ် 6, 2026 - 7:22 မနက်

References:

Make money online australia https://en.asg.to/

Add Comment