အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ရိုးမ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်း စခန်းကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့အတွက် လက်ကျန်စခန်း တချို့သာ ကျန်တော့တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အမ်း-ပဒါန်းလမ်းမအနီးမှာ ရှိနေတဲ့ နတ်ရေကန် တာဝါတိုင်စခန်းနဲ့ နတ်ရေကန် ဗျူဟာကုန်းစခန်းတွေက စစ်ကော်မရှင်အတွက် အရေးပါတဲ့ စခန်းတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ စစ်ကော်မရှင်ရဲ့ တပ်သားတွေ ကစဉ့်ကလျား ထွတ်ပြေးနေကြပြီး တချို့နေရာမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒါအပြင် အာရက္ခတပ်တော် AA ထံကို လက်နက်ချ အလင်းဝင် ရောက်လာတာတွေရှိသလို လက်နက်ချ အလင်းဝင် ရောက်လာတဲ့သူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာလည်း၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ နေ့လယ် (၃) နာရီ (၅၅) မိနစ်ကနေစပြီး မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်က သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူဖို့ ကြိုးစားနေပြီး နောက်ထပ်စခန်းတွေ ထပ်ပြီး လက်လွှတ် မဆုံးရှုံးရဖို့အတွက်ကိုလည်း ထိုးစစ်၊ ခံစစ်တွေကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဆင်နွှဲလျှက် ရှိနေပါတယ်။
အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့မှာ ရန်သူရဲ့ ထိုးစစ်တွေကို အာရက္ခတပ်တော်ရဲ့ အကောင်းဆုံးခံစစ်များနဲ့အတူ တန်ပြန်ထိုးစစ်တွေနဲ့ နေ့စဥ် ဟန်ချက်ညီ ဆင်နွှဲလျက် ရှိပါတယ်။
1 Comment
Капельница от запоя – эффективный метод экстренной детоксикации, который используется при тяжелых формах алкогольной интоксикации. Он позволяет быстро восстановить водно-электролитный баланс, нормализовать работу внутренних органов и снизить токсическую нагрузку. В клинике «Основа» мы гарантируем круглосуточное оказание медицинской помощи, индивидуальный подход к каждому пациенту и полную конфиденциальность. В условиях необходимости экстренного лечения наши специалисты оперативно выезжают в любую точку Новосибирска, обеспечивая комфортное проведение всех процедур как в стационаре, так и на дому.
Подробнее можно узнать тут – вызов на дом капельницы от запоя