မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အောက်တိုဘာလ ၁၇ ရက်က ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ အိမ်ကနေ ညနေ ၅ နာရီလောက်မှာ ပျောက်သွားတာ၊ တညလုံး လိုက်ရှာကျတာ မတွေ့ဘူး။ မနက် (အောက်တိုဘာ ၁၈) ကျမှ ရေကန်မှာ ရေနစ်သေဆုံးတာကို တွေ့တယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ဟာ မင်းပြားမြို့နယ် ပန်းမြောင်းအုပ်စု ငှက်တော်ရရပ်ကွက်က အဖ ဦးဇော်ဝင်းရဲ့သား မောင်ချစ်လင်းဇော် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရပ်ကွက် သင်္ချိုင်းမှာ သင်္ဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

ယခုနှစ် မိုးရာသီကာလအတွင်း ရက္ခိုင်ပြည်တွင် ရေနစ်သေဆုံးသူ ၄၀ ဦးအထိ ရှိလာနေပြီလို့လည်း သိရပါတယ်။

Photo – APM

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး