တန်းလျှောက်ခံကျေးရွာမှာ မိုင်းပေါက်ကွဲလို့ မွတ်ဆလင်လူငယ်နှစ်ယောက်သေဆုံး

အာရက္ခတိုင်းမ်စ် (အောက်တိုဘာ ၂၀/ ၂၀၂၅)

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် တန်းလျှောက်ခံ (ထန်းရှောက်ခံ) ကျေးရွာအနီးမှာ မနေ့ အောက်တိုဘာ (၁၉) ရက်နေ့က စစ်လက်ကျန် မိုင်းပေါက်ကွဲလို့ မွတ်ဆလင်လူငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ လူငယ်တွေကတော့ ဘူးသီးတောင်မြို့နယ် နနွင်းတူကျေးရွာမှ (၁၅) နှစ်အရွယ် ဆိုက်ဘူလာနဲ့ ကျောက်ဆိပ်ကျေးရွာမှ (၁၄) နှစ်အရွယ် မာမောက်ဖိုက်ဆန်းတို့ ဖြစ်ကြပါတယ်။

သူတို့နှစ်ဦးဟာ တန်းလျှောက်ခံကျေးရွာအနောက်ဖက် မီတာ (၅၀၀) ခန့်အကွာမှာ ကျွဲကျောင်းနေခဲ့ကြပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေခဲ့တဲ့ RPG ကျည်တစ်လုံးကို ထိမိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

အဲ့လိုပေါက်ကွဲမှုဖြစ်တဲ့အတွက် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးတော့ နေရာမှာပင် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

တန်းလျှောက်ခံကျေးရွာဟာ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၁) ရဲ့ အနီးမှာ တည်ရှိခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မေလအတွင်းက ဖြစ်ပွါးခဲ့တဲ့ အာရက္ခတပ်တော်နဲ့ စကမတပ်တို့ရဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စကမတပ်နှင့် လက်နက်ကိုင်မွတ်ဆလင်တပ်တို့ရဲ့ အလောင်းပေါင်းရာနဲ့ချီ ပြန့်ကြဲကျန်ခဲ့တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

3 Comment

Ernestdeern စက်တင်ဘာ 10, 2026 - 4:57 မနက်

Наркологическая помощь в клинике позволяет избежать формального подхода. Врач объясняет, почему один метод лечения предпочтительнее другого, какой препарат планируется использовать и насколько продолжительным будет кодирование. Для человека, который страдает алкоголизмом много лет, большое значение имеет не только кодирование, но и полноценное лечение зависимости в дальнейшем.
Подробнее – https://kodirovanie-ot-alkogolizma-shchelkovo3.ru/

Davidexant စက်တင်ဘာ 16, 2026 - 11:06 မနက်

Родственники могут вызвать нарколога и получить консультацию, если им сложно самостоятельно оценить ситуацию. Врач объясняет возможные риски и определяет, подходит ли лечение дома. В Воронеже наркологическая помощь позволяет быстро перейти от сомнений к конкретному плану лечения.
Получить больше информации – http://www.8.narcolog-na-dom-voronezh0.ru

JohnnyFiemo စက်တင်ဘာ 17, 2026 - 10:51 ညနေ

В рамках комплексной программы лечения в клинике применяются следующие методы:
Получить больше информации – нарколог наркологическая помощь в перми

Add Comment