အာရက္ခတပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ထားတဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို AA ကန့်ကွက်ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၅)

လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ပြီး အချက်အလက်အမှားတွေ နိုင်ငံရေးအရ ထိုးနှက်လာတဲ့ထုတ်ပြန်ချက်အပေါ် အာရက္ခတပ်တော် AA က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အာရက္ခတပ်တော် AA ဟာ ရက္ခိုင်ပြည်အတွင်းက မွတ်ဆလင်၊ ဟိန္ဒူနဲ့ အခြား လူနည်းစုတိုင်းရင်းသားတွေကို အန္တရာယ်ရှိပြီး စစ်ရာဇဝတ်မှုမြောက်တဲ့ စစ်ဆင်ရေးနဲ့ ဆောက်လုပ်ရေးအတွက် အတင်းအကျပ် လုပ်ခိုင်းနေကြောင်း Fortify Rights အဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ဖြစ်တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့ ရဲ့ တစ်ဖက်သတ်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ ပကတိမြေပြင်မှာ လုပ်ဆောင်နေတဲ့ ရက္ခိုင်ပြည်အတွင်းက မတူကွဲပြားတဲ့ဘာသာနဲ့ လူမျိုးအကြား လူမှုသဟဇာတဖြစ်နေမှုနဲ့ ဖြစ်ထွန်းလာဖို့အတွက် ကြိုးပမ်းနေမှုတွေကို ဆိုးဝါးစွာထိခိုက်စေတဲ့အပြင် နှောက်ယှက်ဖျက်စီးရာလည်း ရောက်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒါအပြင် Fortify Rights အဖွဲ့ ဟာ နိုင်ငံတကာမြင်ကွင်းမှာ လူ့အခွင့်အရေးကို ကာကွယ်တယ်လို့ အကြောင်းပြပြီး ဘာသာရေးအစွန်းရောက်တွေရဲ့ ရည်ရွယ်ချက် ရှိရှိ နဲ့ မဟုတ်မမှန်လုပ်ကြံလီဆယ်ပြီးတော့ လိမ်လည်ဖန်တီးထားတဲ့ မဟုတ်တမ်းတရားဇာတ်လမ်းတွေကို လက်ဆုပ်လက်ကိုင်ပြုပြီးတော့ တစ်ဖက်သတ်စွပ်စွဲချက်တွေ နဲ့ အာရက္ခတပ်တော် AA ကို တောက်လျှောက်ထိုးနှက်မှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA အနေ နဲ့ ရက္ခိုင်ပြည်မှာနေထိုင်နေကြတဲ့ မတူကွဲပြားတဲ့ဘာသာ နဲ့ လူမျိုးအကြား လူမှုသဟဇာတဖြစ်ဖို့အရေးကို အစဥ်အမြဲ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်နေတာ ရှိနေပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေး စတဲ့ကဏ္ဍအသီးသီးမှာ ခွဲခြားမှုမရှိဘဲ လူမျိုးစုတွေမှာ ခွင့်တူညီမျှ ရနေကြပြီ ဖြစ်ပါတယ်။

ရက္ခိုင်နဲ့ မျိုးနွယ်စုအကြားမှာ ခိုင်မာစွာရရှိထားပြီးဖြစ်တဲ့ အထွေထွေသဟဇာတဖြစ်နေမှုတွေကို ပြောင်းပြန်လှန်ကာ အခုလို မဟုတ်မမှန်ထုတ်ပြန်နေတာတွေဟာ အာရက္ခတပ်တော် AA ကို နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာကျဆင်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း အာရက္ခတပ်တော် AA က ဆိုထားပါတယ်။

Fortify Rights အဖွဲ့အနေ နဲ့ ဘာသာ၊ လူမျိုး နဲ့ အသားအရောင်ခွဲခြားမှု မရှိတဲ့ လူ့အခွင့်အရေးကို အမှန်တကယ်ကာကွယ်ပေးတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုဆိုရင် ရက္ခိုင်ပြည်တွင်းမှာရှိတဲ့ မတူကွဲပြားလူမျိုးအကြားက သဟဇာတဖြစ်နေမှု အမှန်တရားတွေ နဲ့ မြေပြင်မှာဖြစ်နေတဲ့ ပကတိအရှိတရားတွေကို လေ့လာပြီးတော့ အာရက္ခတပ်တော် AA အပေါ်စွပ်စွဲထားတဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက်ကိုလည်း အာရက္ခတပ်တော် AA အကြံပြု​ထားပါတယ်။

အဲဒါအပြင် Fortify Rights အဖွဲ့ကိုအသုံးချပြီးတော့ ကိုယ်ကျိုးစီးပွါးအတွက် မဟုတ်မမှန်လုပ်ကြံသတင်းပေးနေတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ သူတို့ကိုကြိုးကိုင်နေတဲ့ နောက်ကွယ်က လက်မည်းကြီးတွေ နဲ့ ငွေကြေးထောက်ပံ့လည်ပတ်စီးဆင်းမှုတွေကိုလည်း Fortify Rights အဖွဲ့ အနေ နဲ့ စိစစ်ဖို့ကို စေတနာနဲ့ သတိပေးတယ်လို့လည်း အာရက္ခတပ်တော် AA က အကြံပြုပြောဆိုထားပါတယ်။

မြေပြင်အခြေအနေတွေ နဲ့ လုံးဝကင်းကွာပြီး ဘာသာရေးအစွန်းရောက်တွေရဲ့ တိကျခိုင်မာမှုမရှိတဲ့ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်အမှားတွေ နဲ့ တစ်ဖက်သတ်စွပ်စွဲ ထုတ်ပြန်နေတဲ့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ရှုတ်ချပြီးတော့ ပြတ်သားစွာပယ်ချတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

Related posts

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ

4 Comment

TylerRUg စက်တင်ဘာ 3, 2026 - 5:06 မနက်

После обращения в клинику «Основа» наш специалист незамедлительно выезжает для оказания экстренной медицинской помощи в Новосибирске. Процесс установки капельницы предусматривает комплексную диагностику и последующее детоксикационное лечение, что позволяет снизить токсическую нагрузку и стабилизировать состояние пациента. Описание процедуры включает следующие этапы:
Подробнее можно узнать тут – вызвать капельницу от запоя на дому в новосибирске

RichardacuLa စက်တင်ဘာ 3, 2026 - 5:53 မနက်

Наркологическая клиника в клинике в Нижнем Новгороде использует многопрофильный подход, направленный на физическое и психологическое восстановление пациентов. После детоксикации проводится стабилизация обменных процессов, нормализация работы внутренних органов и поддержка нервной системы. Особое внимание уделяется коррекции поведения и мотивации пациента к отказу от употребления алкоголя или наркотиков.
Изучить вопрос глубже – наркологическая клиника цены

HenryJip စက်တင်ဘာ 11, 2026 - 9:21 မနက်

При острых состояниях важно получить медицинскую помощь без неоправданной задержки. Наркологическая служба определяет подходящий формат обращения исходя из симптомов и степени тяжести. Возможность выезда на дом, время приезда бригады, необходимость стационарного лечения и дальнейшие процедуры уточняются во время звонка.
Подробнее – бесплатная наркологическая клиника москва

Patrickskany စက်တင်ဘာ 19, 2026 - 8:13 မနက်

Самостоятельно снять абстинентный синдром удается не всегда. Человек нередко пытается уменьшать количество алкоголя постепенно, выпить небольшую дозу утром или принимать лекарства по советам из статьи и форумов. Однако действие лекарственных средств зависит от давления, сердечного ритма, работы печени и почек, наличия сопутствующей патологии и уровня интоксикации. Некоторые препараты нельзя сочетать со спиртным, поэтому их применение без осмотра врача увеличивает вероятность осложнений.
Узнать больше – https://vyvod-iz-zapoya-podolsk77.ru/

Add Comment