အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ပြည် မောင်တောခရိုင် မူဆလင်ရေးရာကောင်စီက အစွန်းရောက် ၊အကြမ်းဖက်အဖွဲ့တွေ့ဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်နေတာတွေကို လုံးဝရှုတ်ချတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာရက္ခတပ်တော် AA က မောင်တောကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ဒေသတွင်း အခြေအနေတွေ တည်ငြိမ်အေးချမ်းလာပြီး မူဆလင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေးကအစ တိုးတက်ကောင်းမွန်လာပြီး မူဆလင်တွေအနေနဲ့ ဌာနဆိုင်ရာတွေမှာ အမှုထမ်းခွင့် ရရှိလာခဲ့ပါတယ်။
ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာလည်း မူဆလင်အကြီးအကဲတွေနဲ့ (ဂျူရီအဖွဲ့) ဖွဲ့စည်းဆောင်ရွက်ခွင့် ရရှိလာတာတွေက ဒေသခံမူဆလင်တွေအတွက် ဝမ်းသာစရာ အပြောင်းအလဲတွေ ဖြစ်စေတဲ့အပြင် ရက္ခိုင်နဲ့ မူဆလင်တွေအကြား လူမှုသဟဇာတဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ကိုပါ အထောက်အကူ ဖြစ်စေတယ်လို့ မူဆလင်ရေးရာကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကောင်းမွန်လာတဲ့အချိန်မှာ အကြမ်းဖက် ARSA နဲ့ RSO အဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
ARSA နဲ့ RSO တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဘက်လိုက်ပြီး အားပေးနေကြတဲ့ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights လို ပြည်ပအဖွဲ့အစည်းတချို့က ဒေသတွင်း ငြိမ်းချမ်းစွာ အတူနေထိုင်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အသံကို နားမထောင်ဘဲ၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန် သတင်းမှားတွေကို အခြေခံပြီး ဖော်ပြနေတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို လုပ်ရပ်တွေကြောင့် မူဆလင်နဲ့ ရက္ခိုင်မျိုးနွယ်စုတွေကြား မယုံကြည်မှု၊ သံသယတွေနဲ့ ဆက်ဆံရေး တင်းမာလာစေပြီး သဟဇာတဖြစ်မှုကို အဟန့်အတားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက် ARSA နဲ့ RSO) အဖွဲ့က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်နေတာတွေကို Fortify Rights လို ပြည်ပအဖွဲ့အစည်းတစ်ချို့က မတားဆီးဘဲ မီးလောင်ရာလေပင့်တဲ့ပုံစံနဲ့ ဘက်လိုက်နေတာကြောင့် အဲဒီလုပ်ရပ်တွေကို လုံးဝရှုတ်ချတယ်လို့ မောင်တောခရိုင် မူဆလင်ရေးရာကောင်စီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
5 Comment
Yo check out bongdalu6789, heard it was the place to be for the latest sports info. Let me know if it’s worth my time! bongdalu6789
услуги дизайнера интерьера спб дизайн проект квартиры
Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.
Play online at elonbet casino: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.
Нужен трафик и лиды? ави групп SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.