အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၅)
အာရက္ခတပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရက္ခိုင်မြောက်ပိုင်းဒေသမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ARSA အနေနဲ့ စစ်ရေးထိုးဖောက်လာတာ ဘာကြောင့်လဲဆိုတဲ့အပေါ် စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ARSA အဖွဲ့ဟာ ၂၀၂၅ ခုနှစ်အတွင်း ရက္ခိုင်ပြည် မြောက်ပိုင်းဒေသမှာ ပိုမိုလှုပ်ရှားလာနေပြီး အရပ်သားတွေကိုပဲ အဓိက ပစ်မှတ်ထား သတ်ဖြတ်တိုက်ခိုက်နေတာကို သတင်းဖော်ပြချက်တွေအရ မြင်တွေ့နိုင်ပါတယ်။
သူတို့တွေဟာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်တို့ကို Islamic land အဖြစ် လိုလားတာကြောင့် အခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဆိုတဲ့ ဒေသကို မွတ်ဆလင်တွေကနေပြီးတော့ သူတို့ရဲ့ Islamic land အနေနဲ့ လိုလားတဲ့ သဘောလို့ ပြောရမှာပေါ့။ ဒီအတွက် သူတို့တွေက စနစ်တကျ ပြင်ဆင်လာပြီးတော့ အဲဒီဒေသကို အခုအခါ စစ်ရေးအရ ထိုးဖောက်လာတယ်လို့ပဲ ပြောရမှာပေါ့” လို့ သူက ပြောပါတယ်။
ARSA အဖွဲ့ဝင်တွေဟာ မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက ခရီးသွားဒေသခံတွေနဲ့ ကုန်သည်တွေကို အကြမ်းဖက် သတ်ဖြတ်မှုဟာ အခုလအတွင်း ပိုမိုလုပ်ဆောင်လာနေတာပါ။
၂၀၂၅ ခုနှစ် မေလကနေ အောက်တိုဘာလအတွင်း သူတို့အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ရက္ခိုင်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ARSA အဖွဲ့ဝင်တွေကို အာရက္ခတပ်တော် (AA) က စစ်ကြောင်းထိုးပြီး လိုက်လံရှင်းလင်းနေကြောင်း သိရပါတယ်။
သူတို့ကို ထောက်ပံ့ပေးနေတာတွေဟာ ပြင်ပ အင်အားစုတွေဖြစ်နိုင်ပြီး အခုလို စိမ့်ဝင်လာမှုကို အာရက္ခတပ်တော် အနေနဲ့ ဖြေရှင်းရန် မလွယ်ကြောင်း၊ သူတို့ ဝင်ရောက်လာတဲ့အပေါ် ဖြေရှင်းဖို့ နည်းလမ်းရှာသင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒါက အမျိုးမျိုး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အမုန်းတရားတွေ ကြီးစိုးသွားလို့ အဖွဲ့ဖြစ်တဲ့အခါမှာ နိုင်ငံရေးအရ ပြင်ပ အင်အားစုတွေက ကြိုက်တဲ့နေရာကနေ ကြိုက်တဲ့ပုံစံနဲ့ ဝင်လာနိုင်တယ်။ အဲဒါကို ထိန်းချုပ်ကွပ်ကဲနိုင်ဖို့သည် ဗဟိုအစိုးရတစ်ရပ်ပေါ့။ အထူးသဖြင့် နိုင်ငံရေးအာဏာကို တကယ်တမ်း ထိန်းသိမ်းထားနိုင်တဲ့ ဗဟိုအစိုးရတစ်ရပ်ကပဲ တာဝန်ယူနိုင်မှာ။ AA သည် ဒါကို ဖြေရှင်းကျော်ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူး။ ဘယ်သူထောက်ပံ့တယ်ဆိုတာ၊ ဘယ်သူပါဝင်တယ်ဆိုတာတွေ ကောက်ချက်ဆွဲတာပဲလုပ်လုပ်၊ ဘယ်လိုပဲလုပ်လုပ် အဲဒါကို ဖြေရှင်းနိုင်ဖို့ အင်အားသူ့မှာမရှိဘူး။ မရှိတဲ့အခါကြတော့ ထောက်ပံ့တဲ့ အင်အားစုတွေသည် မျိုးစုံဖြစ်နိုင်တယ်။ ထောက်ပံ့မှု အများကြီး ရှိသွားတဲ့အခါမျိုးမှာ သူ့ကို ထောက်ပံ့မှု မျိုးစုံကို ပြန်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့ လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းမျိုး မေးရတော့မှာပဲ။ ဘယ်သူထောက်ပံ့တယ်၊ မထောက်ပံ့ဘူးဆိုတဲ့ ကိစ္စရပ်က တကယ်တမ်း ပြန်တွေးလိုက်ရင် ပြဿနာဖြစ်နေတဲ့ပဋိပက္ခဒေသမှာ အဲဒီလိုမျိုး ထောက်ပံ့မှုတွေကတော့ နေရာမျိုးစုံကနေ ဝင်လာနိုင်တယ်လေ။ ဝင်လာနိုင်တာကို ဖြေရှင်းနိုင်မှု ရှိ၊ မရှိ အပိုင်းနဲ့တွက်မယ်ဆိုရင်တော့ အဲဒီဒေသက နည်းနည်း ပြဿနာတက်သွားနိုင်တယ်လို့ သုံးသပ်ချက် ပေးလို့ရတယ်။ အဲဒီတော့ ဘင်္ဂါလီဝင်တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ” လို့ သူက ပြောပါတယ်။
လတ်တလောတွင် မောင်တောမြို့နယ် မယူတောင်အတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ ARSA အဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်းနေပြီး ဒေသတွင်း အကြမ်းဖက်မှု အန္တရာယ်ကင်းဝေးစေရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း အောက်တိုဘာ ၂၃ ရက်မှာ AA က ထုတ်ပြန်ထားပါတယ်။
တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို တဦးတည်း ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာကြတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့လည်း AA က တိုက်တွန်းထားပါတယ်။
ကျန်းမာရေးကိစ္စ အပါအဝင် မဖြစ်မနေ သွားလာရမယ့် အရေးကြီးကိစ္စတွေရှိပါက အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့လည်း AA က သတိပေးထားပါတယ်။
Photo – ARSA
5 Comment
Капельница на дому применяется при похмельном синдроме, слабости, дрожи, тошноте, тревожности, нарушении сна и обезвоживании, если отсутствуют признаки критических осложнений. Следует обратиться к специалисту, если запой продолжается несколько дней, человеку становится тяжелее отказаться от спиртного или ранее выход из подобных состояний сопровождался ухудшением самочувствия. При больших объемах выпитого особенно важно исключить серьезное токсическое поражение внутренних органов.
Подробнее – капельница от запоя на дому москва недорого
В клинике используются современные методы лечения алкогольной и наркотической зависимости. Схема зависит от самочувствия пациента, продолжительности проблемы, вида психоактивных веществ и истории предыдущей терапии. Если зависимость существует несколько лет, требуется особенно внимательная диагностика. При стаже алкоголизма 5 лет, 10 лет или более лечение нередко включает несколько направлений медицинской помощи.
Узнать больше – наркологическая клиника
Лечение в клинике строится по комплексному принципу. Наркологическая помощь включает медицинскую диагностику, восстановление организма, медикаментозное лечение, психотерапию и поддержку в период реабилитации. Врач оценивает состояние пациента и рекомендует подходящий формат: лечение на дому, прием в клинике, амбулаторное наблюдение или стационар. Такой путь позволяет последовательно работать с физической зависимостью, тягой к алкоголю или наркотикам и причинами повторных срывов.
Подробнее – https://2.narkologicheskaya-klinika-moskva11.ru/
Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Дополнительная информация – https://vyvod-iz-zapoya-ehlektrostal3.ru/
Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Изучить вопрос подробнее – медицинский центр кодирование от алкоголизма