လာမယ့် ပွင့်လင်းရာသီမှာ စကမက လေကြောင်းဗုံးကြဲမှုတွေ ပိုလုပ်လာနိုင်

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)

အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ လာမယ့် ပွင့်လင်းရာသီမှာ ရက္ခိုင်ပြည်သာမက တနိုင်ငံလုံး အတိုင်းအတာနဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုလုပ်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စကမဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်စဉ်တိုးလုပ်လာနေပြီး လေကြောင်းကို စစ်ဆင်ရေးသဖွယ် အသုံးပြုမှုလည်း မြင့်တက်လာနေတယ်လို့လည်း သူတို့က ထောက်ပြကြတာပါ။

စကမတို့ဟာ လူအစုလိုက် အနေအထားကို တွေ့တာနဲ့ ရန်သူလို့ သတ်မှတ်ပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်တာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ မအလနဲ့ အပေါင်းအပါတွေမှာ သူတို့ နယ်မြေ တော်တော်များများကို ဆုံးရှုံးသွားတယ်။ အခုအခါမှာ ပြန်ပြီး တချို့နယ်မြေတွေကို ပြန်သိမ်းနိုင်တယ်လို့တော့ ကြားတယ်။ လတ်တလောမှာ သူတို့ အားသန်တာက ရေကြောင်းရယ်၊ လေကြောင်းရယ် အသေချာ ရှိတယ်။ ဒီတော့ လေကြောင်းရန်ကတော့ တနိုင်ငံလုံးအတိုင်းအတာ ရက္ခိုင်ရယ်လို့ မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာမှာ ပြည်သူတွေ စုစုနဲ့ မြင်ရင် သူတို့က ရန်သူတွေ စုတယ်ဆိုတဲ့ သဘောထား ရှိတယ်။ သူတို့ အဲဒီလိုပဲ သတ်မှတ်တဲ့ အတွင်းမှာ လေကြောင်းရန်ကတော့ ရက္ခိုင်အပါအဝင် တနိုင်ငံလုံး ဗုံးကြဲမယ်” လို့ သူက ပြောပါတယ်။

စစ်တပ်က သြဂုတ်လ ၁ လတည်းမှာတင် ရက္ခိုင်၊ မန္တလေး၊ ရှမ်းမြောက်၊ ကယား (ကရင်နီ) နဲ့ စစ်ကိုင်းတို့မှာ လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ လူပေါင်း ၉၀ နီးပါး ရှိခဲ့ပါတယ်။

သူတို့ဟာ ရက္ခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည် (မြောက်ပိုင်း) က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေမှာ တိုက်လေယာဉ်သုံးပြီး ဗုံးကြဲမှုတွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။

ရက္ခိုင်ပြည်ထဲ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲနဲ့ ပလက်ဝ မြို့နယ်တွေကို စစ်ကော်မရှင်က စက်တင်ဘာလအတွင်း ဗုံးကြဲလို့ သေဆုံးသူ ၂၃ ဦး ရှိခဲ့တာပါ။

လာမယ့် ပွင့်လင်းရာသီ ကာလတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တောက်လျှောက် အခု ပွင့်လင်းရာသီလည်း ရောက်ပြီလေ။ မိုးကုန်သွားပြီ ဖြစ်တာကို။ ဒီကာလ တလျှောက်လုံးက တိုက်ပွဲတွေ ပြင်းထန်လာမှာပါ။ များလာနိုင်ပါတယ်။ ဗန်းမောက်တို့ ဘာတို့မှာ ထိုးလာတာလည်း အကုန်လုံး ပြန်လန်ပြေးတာပဲ။ KNU ဘက် ထိုးတာကလည်း လန်ပြေးနေတာပါပဲ။ အဲဒီတော့ အစပိုင်းလေးပဲ သူက ဆေးတွေကျွေး ဘာတွေကျွေးနဲ့ မောင်းတင်လို့ရမှာပေါ့။ ဒါပေမယ့် ရေရှည်မခံပါဘူး။ ရက္ခိုင်ကတော့ သူတို့ အစောကြီးကတည်းက လက်ရှောင်ရှောင်ပဲ။ ကြောက်တယ်ဗျ AA ကို စစ်တပ်က” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ဟာ မြေပြန့်ဒေသ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ ၂၀၂၅ ခုနှစ် အစောပိုင်းကစလို့ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေ သုံးပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာ တွေ့ရပါတယ်။

စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ဖို့ တိုက်ခိုက်ရေးဒရုန်း၊ စက်တပ်လေထီးနဲ့ အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို သုံးတယ်လို့လည်း MDSI အဖွဲ့က ပြောပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

2 Comment

Casino_fykt မတ် 13, 2026 - 10:21 ညနေ

В каталоге представлены проверенные провайдеры и актуальные игровые новинки.
Casino Pinco
Игровой процесс проходит быстро и без технических задержек.

Kazino_vwmt မတ် 16, 2026 - 8:21 ညနေ

Популярное место среди любителей онлайн казино http://myvrgame.cn/home.php?mod=space&uid=5241902&do=profile&from=space

Add Comment