စကမရဲ့ လုပ်ရပ်တွေကို အာရက္ခပြည်လုံးဆိုင်ရာ ပရဟိတအသင်းများကွန်ရက်အပါအဝင် ပရဟိတအသင်းအဖွဲ့ ၃၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၅)

စစ်ကော်မရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ​တယ်လို့ အာရက္ခပြည်လုံးဆိုင်ရာပရဟိတအသင်းများကွန်ရက် အပါအဝင်ပြည်တွင်း၊ ပြည်ပရှိ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်း ၃၀ ဖွဲ့ က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က လူသားချင်းစာနာမှုမဲ့တဲ့ လုပ်ရပ်တွေကို ဆက်လက် ပြုလုပ်လျှက်ရှိနေပြီး သာသနိကအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ အလှူပွဲတော်တွေ၊ မြို့ပြ ရပ်ရွာတွေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေ နေထိုင်တဲ့ဒေသတွေကို ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေ၊ ဒေသခံပြည်သူတွေ သေကြေပျက်စီးပြီး ထိခိုက် ဒဏ်ရာရသူများ စွာရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက်ကို ပြည်တွင်း၊ ပြည်ပရှိ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်း ၃ဝ ရဲ့ ကိုယ်စား အာရက္ခပြည်လုံးဆိုင်ရာပရဟိတအသင်းများကွန်ရက်က ဒီကနေ့ အောက်တိုဘာ ၃ဝ ရက်မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က အာရက္ခပြည်အတွင်း သာသနိက အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ အလှူပွဲတော်တွေ၊ မြိုပြရပ်ရွာတွေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေအပြင် ပရဟိတသမားတွေကိုပါ ရက်စက်စွာ ပစ်မှတ်ထား တိုက်ခိုက်လာတာကို တွေ့မြင်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရပ်ရွာမှာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက အရေးပေါ်လူနာ သယ်ယူဖို့သွားနေချိန် အကြမ်းဖက် စစ်ကော်မရှင်က ရက်စက်စွာ ဗုံးကြဲချခဲ့တဲ့အတွက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပရဟိတအလုပ်ကို စေတနာ၊ ဝါသနာနဲ့ လုပ်ကိုင်နေတဲ့ (၁၃) နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ် အသက် ဆုံးရှုံးခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို လူသားမဆန်တဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်တွင်း၊ ပြည်ပရှိ အသင်း၊ အဖွဲအစည်း (၃၀) ဖွဲ့ ကိုယ်စား အာရက္ခပြည်လုံးဆိုင်ရာ ပရဟိတ အသင်းများကွန်ရက်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု ကြေညာချက်ကို အာရက္ခပြည်လုံးဆိုင်ရာပရဟိတအသင်းများကွန်ရက်နဲ့အတူ ပူးတွဲထုတ်ပြန်လိုက်တဲ့ ပြည်တွင်း၊ ပြည်ပရှိ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်း ၃ဝ မှာ
(၁) လေးဝတီမျိုးသျှစ်လူငယ်အသင်း
(၂) ရက္ခိတရင်ခွင်ပရဟိတအသင်း
(၃) မျိုးဇော်သိန်းဖောင်ဒေးရှင်း
(၄) အာရက္ခမေတ္တာပရဟိတအသင်း
(၅) သျှင်မြဝါမျိုးဆက်သစ်လူငယ်ပရဟိတအသင်း
(၆) လေးဝတီရက္ခိတအသင်း
(၇) ရက္ခိတဒါနလူငယ်ပရဟိတအသင်း
(၈) အဖြူရောင်သံယောဇဉ်မောင်နှမပရဟိတအသင်း
(၉) လေးဝတီသာရေးနာရေးအသင်း
(၁၀) ရမ္မာမြီပရဟိတအသင်း
(၁၁) ရခိုင်သွီးမှန်ကေစည်းလုံးကတ်မေပရဟိတအသင်း
(၁၂) အဖြူရောင်မျိုးဆက်သစ်လူငယ်များပရဟိတအသင်း
(၁၃) အိမ်ကြီးအာရက္ခပရဟိတအသင်း
(၁၄) စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း
(၁၅) ရက္ခိတဂုဏ်ရောင်ပရဟိတအသင်း
(၁၆) ရက္ခိတပန်းစုံပရဟိတအသင်း
(၁၇) စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း
(၁၈) စေတနာအာရက္ခပြည်သူအကျိုးပြုဆီးခန်းရံပုံငွေရှာဖွီရီးအသင်း
(၁၉) Rကြီးနန့် များပြည်သူပရဟိတအကျိုးတော်ဆောင်အဖွဲ
(၂၀) ရမ္မာဝတီဇာမဏီပရဟိတအသင်း
(၂၁) စည်းလုံးသောအလင်းရောင်ကြယ်ပွင့်များအသင်း
(၂၂) ရိုးမအာရက္ခလူငယ်ပရဟိတအသင်း
(၂၃) ARAKAN လူငယ်ပရဟိတအသင်း
(၂၄) အရေးကြီးကေသွီးစီးမေ ရခိုင်သူ ရခိုင်သားရို GROUP ပရဟိတအသင်း
(၂၅) ရက္ခိုင့်မျိုးဆက်သစ်များ အသင်း
(၂၆) ပြည်တွင်းပြည်ပ ရခိုင်လူငယ်ပရဟိတအသင်း
(၂၇) Center for Arakan Refugees Committee CARC ရခိုင်ဒုက္ခသယ်များဆိုင်ရာဗဟိုကော်မတီရုံး။
(၂၈) စည်းလုံးခြင်းနန့်ချီတက်ကတ်မေ လူငယ်ပရဟိတအသင်း
(၂၉) စေတနာ လူငယ် ဖောင်ဒေးရှင်း
(၃၀) ကုလရက္ခိတ ပရဟိတဖောင်ဒေးရှင်းတို့ပဲ ဖြစ်ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

1 Comment

Charlesfroma စက်တင်ဘာ 8, 2026 - 4:17 မနက်

Круглосуточная наркологическая помощь особенно важна в ситуации, когда человек употребляет спиртное несколько дней или недель, чувствует выраженную слабость, тремор, тревожность, нарушения сна или не способен остановиться без очередной дозы алкоголя. В таких случаях врач может провести детоксикацию, назначить необходимые препараты, поставить капельницу и организовать наблюдение. При выраженных психических расстройствах к лечению подключаются психиатр, психотерапевт и психолог. Главный принцип медицинской помощи — не просто быстро снять неприятные симптомы, а безопасно стабилизировать состояние и определить дальнейший путь лечения зависимости.
Ознакомиться с деталями – вывод из запоя вызов на дом

Add Comment