မင်းပြားကို စကမ ဗုံးကြဲ၊ ၃ ဦးသေ ၁၀ ယောက်ကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို စစ်ကော်မရှင်က ဒီကနေ့ည ၈ နာရီကျော်မှာ ဗုံးတလုံး ကြဲချခဲ့လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ မိုးထိအောင် ကိုယ်ပိုင်အထက်တန်းကျောင်းနားကို ကျတယ်လို့ပဲ သိရသေးတယ်။ အိမ်က သူတွေနဲ့ အဆက်အသွယ် မရသေးဘူး။ အခုကျတဲ့နေရာက ကျနော့် အိမ်နားမှာ ကျနော်တော့ စိတ်ပူလို့ သေတော့မတတ်ပဲ” လို့ မလေးရှားနိုင်ငံရောက် မင်းပြားသားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒီကနေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ကို လက်နက်ကြီးနဲ့ပစ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မင်းပြားသတင်းနဲ့ ပတ်သက်ပြီး အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်