ရက္ခိုင်-ဧရာအစပ် တိုက်ပွဲတွင် စကမတပ်သားများ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေ

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် နဲ့ ဧရာဝတီတိုင်းအစပ် တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ တပ်ဖွဲ့ဝင်များ အာရက္ခတပ်တော်ထံသို့ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“ စစ်ကော်မရှင်ရဲ့ မတရားသဖြင့် အတင်းအဓမ္မစစ်မှုထမ်းရန် စုဆောင်းခြင်းခံရတဲ့ တပ်ဖွဲ့ဝင်သစ်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ တိုက်ပွဲဖြစ်ပွားရာနေရာကနေ အခွင့်အရေး ရရင် ရသလို နေ့စဉ်နဲ့အမျှ ထွက်လျက်ရှိနေပြီး အချို့သော တပ်ဖွဲ့ဝင်တွေဟာ မိမိတို့ထံ အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက် ရှိပါတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အလားတူ အချို့သော စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကို လက်နက်နဲ့ သို့မဟုတ် လက်နက်မဲ့နဲ့လည်း ဖမ်းဆီးရမိတာ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ ကပစ (၁၆) အနီး တိုက်ပွဲတွင် စစ်ကော်မရှင် စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၀) နဲ့ ခမရ (၃၆၃) တပ်ရင်းများထံက အလြူံထောင်သူ ၁၆ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ အရှေ့ဘက် မီတာ ၂၅၀၀ အကွာ လေသာတောင်တိုက်ပွဲတွင်လည်း နိုဝင်ဘာလ ၈ ရက် နဲ့ ၉ ရက်တွင် စကခ (၁၀ ) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းမှ အလံဖြူထောင် အလင်းဝင်လာသူ ၁၀ ဦး ရှိတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ အလင်းဝင်ရောက်လာသူများကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

1 Comment

casino games 66 ဖေ‌ဖော်ဝါရီ 22, 2026 - 9:34 ညနေ

Онлайн ігри казино – великий вибір автоматів, рулетки та покеру з бонусами та акціями. Огляди, новинки та спеціальні пропозиції.

Add Comment