CNDF ရဲဘော်တွေအတွက် ဒေါက်တာညိုထွန်းအောင် သူပုန်ဖြူစာအုပ် နဲ့ ငွေသားကူညီ

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၅)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်များကို ဒေါက်တာညိုထွန်းအောင်က သူရေးသားထားတဲ့ သူပုန်ဖြူစာအုပ်နဲ့ ငွေသား ၄၂ သိန်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

“ အာရက္ခတပ်တော် “ သူပုန်ဖြူအဖွဲ့” မှ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ CNDF ဒဏ်ရာရရဲဘော်များအတွက် မေတ္တာဖြင့်ပေးအပ်တဲ့ သူပုန်ဖြူ ကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံး၊ ငွေးသား ၄၂ သိန်းပါ စာအိတ် ၄၂ အိတ် ကို ထောက်ပံ့လှူဒါန်းပေးလို့ အထူးကျေးဇူးတင်ပါတယ်” လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ထုတ်ပြန်ပါတယ်။

ဒေါက်တာညိုထွန်းအောင်က သူပုန်ဖြူကဗျာစာအုပ်ရောင်းရငွေရဲ့ ၃၅ ရာခိုင်နှုန်းကို စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ တော်လှန်ရေး ရဲဘ်ေတွေကို အချိုးကျ မျှဝေကူညီသွားမယ်လို့လည်း ဆိုထားပါတယ်။

သူပုန်ဖြူကဗျာစာအုပ်ကို ဘာသာစကား ဗမာ၊ ရက္ခိုင်၊ အင်္ဂလိပ် နဲ့ တရုတ် ၄ ဘာသာ နဲ့ ထုတ်ဝေဖြန့်ချီနေပြီး ကဗျာစာအုပ်တွင် ကဗျာအပုဒ်ရေ ၃၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)