AA က ၁၁ လ အတွင်း ရက္ခိုင်ပြည် ပြင်ပက စကမ ရဲ့စခန်း ၅ ခု နဲ့ ရွာ ၃ ရွာ သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၃ ဒီဇင်ဘာ ၂၀၂၅)

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလ အတွင်း စစ််ကော်မရှင် ရဲ့ စခန်း ၅ ခု နဲ့ ရွာ ၃ ရွာကို အာရက္ခတပ်တော် က သိမ်းယူနိုင်ခဲ့တယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ အစီရင်ခံစာကိုတော့ (ဒီဇင်ဘာ ၁ ရက်‌) နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ‌ဧရာဝတီ၊ မကွေး နဲ့ ပဲခူးတိုင်းတို့ကို ထိုးစစ်ဆင်လာခဲ့တယ်လို့ သိရပါတယ်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း အောက်တိုဘာလ တတိယပတ်တွင် ပဲခူးတိုင်း (အနောက်ပိုင်း) ဥသျှစ်ပင်မြို့ကနေ ၁၆ မိုင် ဝန်းကျင်ဝေးတဲ့ ပွိုင့် ၆၆၆ ကုန်းကို သိမ်းယူနိုင်ခဲ့သလို ပွိုင့် ၆၆၆ ကုန်းအပါအဝင် စစ်ကော်မရှင်ရဲ့ စစ်စခန်း ၅ ခု နဲ့ ရွာ ၃ ရွာကို AA နဲ့ ပူးပေါင်းတပ်‌တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

ရက္ခိုင်ပြည်နဲ့ ထိစပ်နေတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း စတဲ့ တိုင်းဒေသကြီးတွေမှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်များက စစ်မျက်နှာ ချဲ့ထွင်နေပြီး ပဲခူးတိုင်း ဥသျှစ်ပင်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ်-၆ နဲ့ မကွေးတိုင်း ပဒါန်းမြို့ရှိ ကပစ-၁၄ တို့ကိုလည်း ထပ်မံ ဦးတည်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ မကွေးတိုင်း ပဒါန်းမြို့ရဲ့ ၁၇ မိုင် ဝန်းကျင်ကို AA နဲ့ ပူးပေါင်းတပ်များရဲ့ထိုးစစ် ရောက်ရှိနေတယ်လို့ သိရပါတယ်။

မကွေးတိုင်း နဲ့ ပဲခူးတိုင်း အတွင်းမှာ ကပစ ၂၂ ခု ရှိပြီး ၁၆ ခု က‌တော့ ဧရာဝတီမြစ် (အနောက်ဘက်ခြမ်း) မှာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

AA ထိန်းချုပ်ရာဒေသတွေကို စစ်ကော်မရှင် က စစ်အင်အား ဖြည့်တင်းခြင်းနဲ့အတူ လေကြောင်းတိုက်ခိုက်မှုကိုပါ တိုးမြှင့်လာခဲ့ပြီး AA အနေနဲ့လည်း ရက္ခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါက ထိန်းချုပ်ထားရန် ခက်ခဲမှုတွေကြောင့် ကပစ စက်ရုံတွေကို သိမ်းနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း ISP Myanmar ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

5 Comment

multibet88play ဒီဇင်ဘာ 9, 2025 - 5:00 မနက်

Multibet88play is a solid option. I appreciate the clear layout and easy access to different games. Deposit and withdrawal options are good too. Definitely worth checking out if you’re looking for something new: multibet88play

ưu đãi fun88 luck ဒီဇင်ဘာ 25, 2025 - 11:58 မနက်

Ưu đãi fun88 luck – Fun88 always has the best promotions. Let’s get those bonuses! I love playing with Fun88, always worth a try to get a big win! ưu đãi fun88 luck

studiya-dizayna-642 ဒီဇင်ဘာ 28, 2025 - 12:02 ညနေ

сколько стоит дизайн проект квартиры услуги дизайнера спб

elon-casino-111 ဒီဇင်ဘာ 28, 2025 - 1:58 ညနေ

Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.

elon-casino-941 ဒီဇင်ဘာ 28, 2025 - 1:59 ညနေ

Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.

Add Comment