အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ဒီကနေ့ (ဒီဇင်ဘာ ၁၂ ရက်) မှာ ပြုလုပ်ခဲ့တယ်လို့ Chin Defence Force-Asho က ထုတ်ပြန်ထားပါတယ်။
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၇နာရီမှာ CDF – Asho နောက်တန်းစခန်းရှိ ရဲဘော်များမှ ချင်းအမျိုးသားအလံတော်ရှေ့မှာ တမိနစ် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အသက်ခန္ဓာ ဆုံးရှုးခဲ့ရသူများရဲ့ မိသားစုဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရပါတယ်” လို့ CDF-Asho က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်၊ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ ) ည ၉ နာရီ ၁၃ မိနစ်မှာ ရက္ခိုင်ပြည် မြောက်ဦးမြို၊့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း ပေါင်( ၅၀၀ ) ဗုံးနှစ်လုံးနဲ့တို က်ခိုက်ခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က အတည်ပြု ထုတ်ပြန်ထားပါတယ်။