မြောက်ဦးဆေးရုံဖြစ်စဉ်တွင် သေဆုံးခဲ့သူ ၃၃ ဦးအနက် အသက်အငယ်ဆုံးမှာ သုံးလသားအရွယ်ဖြစ်ကြောင်း AA ဆို

အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၃၃ ဦးအနက် အသက်အငယ်ဆုံးမှာ သုံးလသားအရွယ်ဖြစ်ကြောင်း အာရက္ခတပ်‌တော် AA က ဒီကနေ့ (ဒီဇင်ဘာ ၁၃ ရက်) ည ၁၀ နာရီ ၃၀ မိနစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးခဲ့သူများမှာ အမျိုးသား ၁၆ ဦး နဲ့ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး အသက်အငယ်ဆုံးအနေဖြင့် သုံးလသားအရွယ် ကလေးငယ်ကနေ အသက်အကြီးဆုံးအဖြစ် ၆၇ နှစ်အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေအနက် ရက္ခိုင်လူမျိုးများအပြင် မူဆလင် လူမျိုး ငါးဦးလည်း ပါဝင်ပြီး ရက္ခိုင်ပြည်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ တောင်ကုတ်၊ မအီနဲ့ မြေပုံမြို့နယ်တွေက လာရောက် ဆေးကုသရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)