NewsPolitic

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် သေဆုံးခဲ့သူ ၃၃ ဦးအနက် အသက်အငယ်ဆုံးမှာ သုံးလသားအရွယ်ဖြစ်ကြောင်း AA ဆို

အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၃၃ ဦးအနက် အသက်အငယ်ဆုံးမှာ သုံးလသားအရွယ်ဖြစ်ကြောင်း အာရက္ခတပ်‌တော် AA က ဒီကနေ့ (ဒီဇင်ဘာ ၁၃ ရက်) ည ၁၀ နာရီ ၃၀ မိနစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးခဲ့သူများမှာ အမျိုးသား ၁၆ ဦး နဲ့ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး အသက်အငယ်ဆုံးအနေဖြင့် သုံးလသားအရွယ် ကလေးငယ်ကနေ အသက်အကြီးဆုံးအဖြစ် ၆၇ နှစ်အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေအနက် ရက္ခိုင်လူမျိုးများအပြင် မူဆလင် လူမျိုး ငါးဦးလည်း ပါဝင်ပြီး ရက္ခိုင်ပြည်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ တောင်ကုတ်၊ မအီနဲ့ မြေပုံမြို့နယ်တွေက လာရောက် ဆေးကုသရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်တွင် မိုးဆက်လက်ကြီးနိုင်၊ ကမ်းရိုးတန်းတလျောက် လှိုင်း ၁၃ ပေထိ မြင့်နိုင်

Rakhita Times

ပုဏ္ဏားကျွန်း၊ ပေါက်တော နဲ့ မြောက်ဦးကို စကမ ဗုံးကြဲနေ

Rakhita Times

AA စခန်းတွေကို သိမ်းပိုက်ခံရခြင်းမရှိဘူးလို့ ဦးခိုင်သုခ ပြော

Rakhita Times

386 comments

Leave a Comment