အာရက္ခတိုင်းမ်စ်(၁၄ ဒီဇင်ဘာ ၂၀၂၅)
စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လေးရက်အတွင်း အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ရက္ခိုင်ပြည်အတွင်း ဒီဇင်ဘာ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့ နောက်ပိုင်းမှစပြီး စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်မှာ မြောက်ဦးဆေးရုံကို ပေါင် (၅၀၀) ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သုံးလသားအရွယ် မိန်းကလေးတဦး နဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ (၃၃) ဦး သေဆုံးပြီး (၇၆) ဦး ဒဏ်ရာရရှိခဲ့သလို ဆေးရုံအဆောက်အအုံများ အနည်းဆုံး (၅) လုံး နဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းများ၊ ခွဲစိတ်ခန်းများ ပျက်စီးခဲ့တယ်လို့ HDCO က ဆိုပါတယ်။
ဒီဇင်ဘာ ၁၁ ရက်၊ ည ၇ နာရီ ၃၄ မိနစ်မှာလည်း ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို ဗုံးနှစ်လုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ၈ ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိကာ နေအိမ် (၉) လုံး ပျက်စီးခဲ့သလို အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်များရှိ ကျေးရွာတွေကို Y-12 လေယာဉ်များ အသုံးပြုပြီး စုစုပေါင်း ဒရော့ဗုံး (၃၈) လုံးဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များနဲ့ မော်တာယာဉ်များ ထိခိုက်ပျက်စီးခဲ့သလို အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မြောက်ဦးမြို့ကိုလည်း Jet Fighter များနဲ့ ပေါင် (၅၀၀) ဗုံးနှစ်လုံးနဲ့ Cluster ဗုံးများ အသုံးပြုပြီး ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၃ ရက်၊ နံနက်အစောပိုင်း (၁၂) နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ရှိ ကျေးရွာများကို Jet Fighter များဖြင့် ဗုံးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ပြီး ဆောင်းသီးနှံစိုက်ခင်းများနဲ့ ကောက်လှိုင်းများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့မရပ်ကွက်အတွင်း အလယ်ရွာလမ်းမကြီးဘေးနဲ့ စကမ တပ်ရင်းရုံးဟောင်းနောက် တောင်တန်းများရဲ့ အနီးတ၀ိုက် နေရာတွေကိုလည်း ဂျက်ဖိုက်တာများနဲ့ ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်း (၁၁) နာရီ (၀၅) မိနစ်ခန့်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ကနဦးသတင်းအရ အဆောက်အအုံများ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
“ လူ့အခွင့်အရေးနေ့ပင် မချန်ဘဲ၊ နောက်နေ့များတွင်ပါ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့် ဆောင်ရွက်လာခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) နှင့် Geneva Conventions ကို မလေးမစား ချိုးဖောက် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ထိုအပြင် လူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ ဤသို့ ကျူးလွန်နေသည့် ပြစ်မှုများသည် စစ်ရေးပြစ်မှုများ (War Crimes) နှင့် လူ့အဖွဲအစည်းအပေါ်ပြစ်မှုများ (Crimes against Humanity) အဖြစ် သတ်မှတ်နိုင်ပါသည်” လို့ HDCOကထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒီလို ပြစ်မှုများကို ရက္ခိုင်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် ဆက်လက် ကျူးလွန်နေဆဲဖြစ်တာကြောင့် နိုင်ငံတကာအဖွဲအစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများကို ချက်ချင်းပြုလုပ်ရန် အရေးပေါ်လိုအပ်နေတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တောင်းဆိုထားပါတယ်။
2 Comment
199winbet4, Pra quem busca uma nova opção de apostas, encontrei este site! Variedade de jogos e mercados. Dá uma conferida em 199winbet4.
Все актуальные адреса площадки на kraken darknet ссылка проверенная администрацией и защищенная от подделок